ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံဦးသူရိန်ဇော် ခရိုင်နှင့်မြို့နယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် (ကရင်ပြည်နယ်တာဝန်ခံ) ဦးသူရိန်ဇော်သည် ယမန်နေ့ နံနက် ၁ဝ နာရီက ဘားအံမြို့ ပြည်နယ် ပါတီရုံးတွင် ကျင်းပသည့် ကရင် ပြည်နယ်အတွင်းရှိ ခရိုင်မြို့နယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
မွန်းလွဲ ၁ နာရီခွဲတွင် ဘားအံ မြို့မှထွက်ခွာလာရာ ညနေ ၄ နာရီ တွင် ကော့ကရိတ်မြို့နယ် ရေကျော် ကြီးကျေးရွာအုပ်စု လှိုင်ဝကျေးရွာ ရွာလယ်ဓမ္မာရုံသို့ ရောက်ရှိခဲ့သည်။

ကရင်ပြည်နယ်တာဝန်ခံ ဦးသူ ရိန်ဇော်က လှိုင်ဝကျေးရွာဓမ္မာရုံ (ဆောက်လုပ်ဆဲ)အတွက် အလှူ ငွေကျပ် ၁၂ဝဝဝဝ ကို ပေးအပ် လှူဒါန်းရာ လှိုင်ဝကျေးရွာ ရပ်မိ ရပ်ဖ ဦးသောင်းတင်က လက်ခံ ရယူပြီး ကရင်ပြည်နယ် တာဝန်ခံ အားဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် လှိုင်ဝကျေးရွာ မှတက်ရောက်လာသည့် ရွာသူရွာ သားအင်အား ၅၅ ဦးနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကျုံဒိုး    မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

Union daily