ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်တဲ့ ကာဗာနီ
ပီအက်ဂျီအသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီအနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သဘော တူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ် လာပါတယ်။
ယခုကဲ့သို့ အသင်းပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်လာရခြင်းမှာ ကာဗာနီအနေနဲ့ အသင်းဖော် နေမာနဲ့ ပင်နယ်တီကန်သွင်းဖို့ အငြင်းပွားခဲ့ရာမှာ ဖြစ်ပေါ်လာခဲ့တယ်လို့လည်း သတင်းတွေ က သုံးသပ် နေကြပါတယ်။
အီတလီသတင်းစာ ဂါဇက်တီ ဒယ်လို ရဲ့ ဖော်ပြချက်အရ အဆိုပါ ဥရုဂွေး တိုက်စစ်မှူး အနေနဲ့ ပြောင်းရွှေ့ ကြေးပေါင် ၂၂ သန်းနဲ့ ဂျူဗင်တပ်အသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိ နေတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ ပီအက်ဂျီအသင်းရဲ့ ကစားသမား ကာဗာနီကို ပရီးမီးယားကလပ်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ကလည်း အပြိုင် စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ ၎င်းတို့ ကာဗာနီလို သက်ကြီး တိုက်စစ်မှူးများဖြစ်တဲ့ ဖယ်ကာအိုနဲ့ဗန်ပါစီတို့ကို ခေါ်ယူခဲ့ဖူးပြီး ဖယ်ကာအိုမှာ အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း ဗန်ပါစီ ကတော့ အသင်းနဲ့အတူ ခြေစွမ်း ပြဂိုးတွေ သွင်းယူခဲ့ကာ ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး အသင်း အနေနဲ့လည်း တိုက်စစ်မှူး ရှားပါးနေမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အတွေ့အကြုံရင့် တိုက်စစ်မှူး တစ်ယောက်ကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကာဗာနီအနေနဲ့ အီတလီကလပ်ကိုသာ ပြောင်းရွှေ့လိုနေတာလည်း ဖြစ်ပါတယ်။
(Duwun)