ကိုယ်ပိုင်အာကာသအေဂျင်စီ တည်ထောင်မည်ဟု သြစတြေးလျ ကြေညာ
သြစတြေးလျမှာ ကိုယ်ပိုင် အာကာသအေဂျင်စီ တည်ထောင်တော့မယ်လို့ သြစတြေးလျ အစိုးရက စက်တင်ဘာ ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ အဒယ်လိဒ်မှာ ကျင်းပတဲ့ နိုင်ငံတကာ အာကာသသိပ္ပံပညာဆိုင်ရာ ညီလာခံမှာ သြစတြေးလျ ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေး ဝန်ကြီးက ကြေညာခဲ့တာပါ။
အချိန်ကာလကြာရှည်စွာ စောင့်စားနေခဲ့ရတဲ့ အဲဒီကြေညာချက်ကို လက်ရှိစီးပွားရေးနဲ့ သိပ္ပံပညာ အခွင့်အလမ်းတွေပေါ်မှာ မူတည်ပြီး ကြေညာခဲ့တာ ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
အေဂျင်စီကို ဘယ်လို ဘယ်နေရာမှာ အခြေစိုက် တည်ထောင်သွားမယ် ဆိုတာတွေတော့ မသိရသေးပါဘူး။
၅ ရက်ကြာကျင်းပမယ့် အဲဒီညီလာခံကို အာကာသယာဉ်မှူးတွေ၊ အာကာသသိပ္ပံ အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေ၊ တီထွင်သူတွေ တက်ရောက်ခဲ့ကြပြီး ဒီညီလာခံဟာ သြစတြေးလျမှာ ဒုတိယအကြိမ် ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
(DVB)