သန်လျင်ပြည်ခိုင်ဖြိုးဘုန်းတော်ကြီးကျောင်းများသို့ဝတ္ထုငွေနှင့်အာဟာရဒါနလှူဒါန်း
ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီကော်မတီဝင်လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေ နှင့်သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီအဖွဲ့များ အတူပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ မင်္ဂလွန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ ပြည်တော်သာ ကျေးရွာများသို့ ယမန်နေ့ကသွားရောက်ပြီး ဆရာတော်များအား ဖူးမြော် ကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကူးလ်သင်ကြားနေသော ကလေးငယ်များအား အာဟာရ ဒါနကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်၍ကျေးရွာများရှိ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိန်ဝင်း(YGN)