ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲတွင် အမှာစကားပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ရုံးချုပ်သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂)ကို ယနေ့ နံနက် ၈နာရီခွဲတွင် နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
အမှာစကားပြောကြားရာတွင် လိုအပ်ချက်နှင့်တောင်းဆိုချက်များအရ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ လေ့လာသင်ယူရမည့်ကိစ္စရပ်များအားလုံးကို အပတ်တကုတ် လေ့လာမှတ်သားသွားကြရန်လိုကြောင်း၊ လူတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ အမြဲတမ်းလေ့လာဆည်းပူးနေမှသာ တိုးတက်အောင်မြင်မှုရှိလာမည်ဖြစ်ကြောင်း၊ မိမိအကျိုးနှင့် ပါတီအကျိုးယှဉ် လာလျှင် ပါတီအကျိုးကိုဦးစားပေး ပြီး ပါတီအကျိုးနှင့် နိုင်ငံအကျိုး ယှဉ်လာလျှင် နိုင်ငံအကျိုးကိုဦးစား ပေးရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး ဆို သည့်အချက်များကို လိုက်နာကျင့် ကြံအားထုတ်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မိမိတို့သည်နိုင်ငံ တော်စီမံအုပ်ချုပ်မှုတွင် တာဝန်ရှိသူ များမဟုတ်သော်လည်း တာဝန်သိ သူများအဖြစ် ခံယူလုပ်ဆောင်နေ ကြောင်း၊ တာဝန်သိနိုင်ငံရေးပါတီ တစ်ခုအနေဖြင့် နိုင်ငံနှင့် လူမျိုး အတွက် ကောင်းသည့်/အကျိုးရှိ သည့်ကိစ္စများကို ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ အတွေ့အကြုံအရ တိုင်းပြည်၏ ပကတိလိုအပ်ချက်များအပေါ် ကြေ ညာချက်/သဘောထားထုတ်ပြန် ချက်များထုတ်ပြန်၍ ထောက်ပြ အကြံပြုပေးလျက်ရှိပါကြောင်း၊ မိမိတို့ပါတီအနေဖြင့်မည်သည့်ပါတီ ကိုမျှ ပြိုကွဲသွားအောင် ရည်ရွယ် လုပ်ဆောင်ခြင်းမရှိသကဲ့သို့ မည် သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မျှ ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာအောင် ရည်ရွယ်လုပ်ဆောင်မှုမရှိပါကြောင်း၊ ကုလသမဂ္ဂ မျက်နှာစာတွင် မိမိတို့ နိုင်ငံအား မမှန်မကန် မတရားစွပ်စွဲ နေမှုများအပေါ် ကာကွယ်သွားရန် လိုအပ်ပါက မိမိတို့ပါတီဝင်အင် အားများကို အသုံးပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များသည် မှန်ကန် သည့်လမ်းကြောင်းဖြစ်ရန် လိုအပ် ပါကြောင်း စသည်ဖြင့် အကျယ် တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
အခမ်းအနားသို့ ပါတီဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ပြီး အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပါတီတာဝန်ထမ်း ဆောင်နေသူ သင်တန်းသား စုစု ပေါင်း ၉၆ ဦးတက်ရောက်ကြောင်း သိရသည်။
Union daily