ဟိုပင်ဒေသလူငယ်များ ပါတီသို့ အဆိုပြုလွှာပေးအပ်ခြင်းအခမ်းအနားပြုလုပ် ကျင်းပ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် နေ့၁း၀၀ နာရီအချိန်၌ ပါတီရုံးတွင် ဟိုပင်ဒေသ လူငယ်များ ပါတီသို့အဆိုပြုလွှာပေးအပ်ခြင်းအခမ်းအနားပြုလုပ်ရာ ဟိုပင် ပါတီနာယက ဦးညီလေးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥက္ကဌ ဦးစိန်ဝင်းထွန်းကလည်း အမှာစကားပြောကြား၍ အဆိုပါအခမ်းအနားသို့ ခရိုင် ကော်မတီဝင် ဦးဖိုးထောင်၊ ဦးဖုန်းမြင့်၊ ဦးခင်မောင်နှင့် မြို့နယ်အတွင်းရေး မှူး ဦးဌေးဝင်း၊ ဘဏ္ဌာရေးမှူး ဦးလှမိုင်၊ ဒေသတာဝန်ခံ ဦးမြဝင်း၊ ဦးမြင့်သန်း၊ ဦးခိုင်ဇော်ထွန်း၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နှင်းနှင်းထွေး၊ ဒေါ်သန္တာဝင်း မောင်၊ ဒေါ်နန်းအိဖြူ၊ လူငယ်တွဲဖက်တာဝန်ခံ ဦးအောင်ကိုဝင်း၊ ဒေါ်ဆိုင်း ဆန့် နှင့် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ၊ လူငယ်များ၊ ပါတီဝင်များ စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာသူများမှာ ကျား(၂၆) ဦး၊ မ (၃၇) ဦး စုစုပေါင်း (၆၃) ဦး ဖြစ်ပါသည်။
Crd::