နိုင်ငံကိုတာဝန်ယူသည့်အစိုးရဆိုလျှင် နိုင်ငံသားတိုင်းရင်းသားများ၏အရေးကို ဦးစားပေးရမည်
မြန်မာနိုင်ငံကို တာဝန်ယူသည့်အစိုးရဆိုလျှင် မြန်မာနိုင်ငံသားတိုင်းရင်းသားများ၏ အရေးကို ဦးစားပေးရမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောကြား သည်။ ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ‘အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ’အခမ်းအနား၌ နိဂုံးချုပ် စကားပြောကြားရာတွင် ဦးသန်းဌေးက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
”မြန်မာနိုင်ငံသား ရှုထောင့် ကကြည့်ရင် မြန်မာနိုင်ငံသားများရဲ့ လူ့အခွင့်အရေးကိုပဲ၊ တိုင်းရင်း သားများရဲ့ လူ့အခွင့်အရေးကိုပဲ ကျွန်တော်တို့ ဦးစားပေးရပါမယ်။ ဒီနေရာမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရဲ့ ရှင်းလင်းပြော ကြားချက်ကို အပြည့်အဝထောက်ခံပါတယ်။ ကိုဖီအာနန်နဲ့တွေ့တုန်း ကထင်ပါတယ်။ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို၊ တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပြီးလုပ်ပေး မယ်။ အဲဒါတွေကို ကျွန်တော် အပြည့်အဝထောက်ခံပါတယ်။ဘာဖြစ်လို့ လဲဆိုရင်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား၊တိုင်းရင်းသားများ ရဲ့ကိစ္စကိုပဲ ရှေ့ဆုံးက စဉ်းစားရပါ မယ်”ဟုဦးသန်းဌေးကပြောကြား ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်ဦးဆောင်သော အဖွဲ့သည် သြဂုတ် ၂၄ ရက်က တွေ့ဆုံ ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ ကြောင်း၊ တိုင်းရင်းသားများသည် နံပါတ် တစ်ဖြစ်ပြီး နိုင်ငံတွင်ရှိသည့် နိုင်ငံသားအားလုံးကိုလည်းကာကွယ်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကရှင်းလင်း ပြောကြားခဲ့သည်။
”ကိုဖီအာနန် ကော်မရှင်စဖြစ် ကတည်းက ကျွန်တော်တို့ အသိ အမှတ်မပြုပါဘူး။ အသိအမှတ် မပြုကြောင်းလည်း တိုင်းပြည် အတွက် လိုလားအပ်တဲ့ ကော်မရှင် မဟုတ်ကြောင်းလည်း ကျွန်တော် တို့အသိပေးကြေညာချက်ထုတ်ပြီး ပါပြီ။ သို့သော် အဲဒီကော်မရှင်က ပဲ တစ်ချိန်သောကာလမှာ ကျွန်တော် တို့ကိုတွေ့ပေးပါဆိုလို့ ဒီရုံး(ပြည် ခိုင်ဖြိုးပါတီဌာနချုပ်ရုံး ရန်ကုန်) မှာပဲ လက်ခံတွေ့ပါတယ်။ တွေ့ စဉ်အခါမှာပဲကျွန်တော်တို့သဘော ထားရှင်းရှင်းပဲပြောလိုက်ပါတယ်။ ခင်ဗျာတို့အဖွဲ့နဲ့ပတ်သက်လို့ ကျွန် တော်တို့သဘောထားက ကြေညာ ချက်ထဲက အတိုင်းပဲ။ ဘာMessage ပေးချင်ပါသလဲတဲ့။ ဘာMessage ပေးချင်သလဲဆိုရင် မြန်မာပြည်မှာ ရိုဟင်ဂျာမရှိဘူး။ ဒါအစဉ်တစိုက်ပြောခဲ့တယ်။ အဲဒီ တော့ အဲဒီပြဿနာကို ဘယ်လို ရှင်းမလဲ၊ ဘယ်လိုရှင်းမလဲဆိုရင် ၈၂ဥပဒေ (၁၉၈၂ နိုင်ငံသား ဥပဒေ)ပဲပေါ့။ ဒါပဲရှိတယ်”ဟု ဦးသန်းဌေးက ပြောကြားခဲ့သည်။
”တကယ်တော့ ၂ဝ၁၂ ပြဿနာတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း မှာ ဆရာမကြီး မရင်ရင်နွယ်တို့ပါ တဲ့ အဖွဲ့က ရေးဆွဲထားတဲ့ Action Plan ရှိပြီးသားပါ။ အဲဒီထဲမှာ ဘာတွေလုပ်ရမယ်၊ ဘယ်အပိုဒ်မှာ ဘာလုပ်ရမယ်ဆိုတာ ပါပြီးသား။ ဒါပေမဲ့ အခုဖြစ်နေတာက အရင် လုပ်ခဲ့သမျှဟာ အကုန်ရပ်ပစ်လိုက် တယ်၊ပြဿနာက”ဟုဦးသန်းဌေး က သုံးသပ်ပြောကြားသည်။
အမျိုးသားလုံခြုံရေးကို ခြိမ်း ခြောက်လာသည့် ရခိုင်ပြည်နယ် အရေးဆွေးနွေးပွဲ၌ နိုင်ငံတကာ ရေးရာသုတေသီ ဦးကိုကိုလှိုင်က ရခိုင်ကိစ္စကို ပြီးပြည့်စုံသည့် အမျိုး သား မဟာဗျူဟာ ချမှတ် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် လူဦးရေတိုးပွား နေသည့် နိုင်ငံသုံးခုကြားထဲတွင် ညပ်နေ၍ ပြီးပြည့်စုံသော အမျိုး သားမဟာဗျူဟာ၌ မြန်မာတိုင်း ရင်းသားများ လူဦးရေတိုးပွားရေး ကို စီမံချက်တစ်ရပ်အနေဖြင့် လုပ် ဆောင်သင့်ကြောင်း ဦးသန်းဌေးက အကြံပြုပြောကြားခဲ့သည်။
ကျော်ဇင်