ရေမွှေးသစ် ကြော်ငြာလိုက်တဲ့ ရော်နယ်ဒို

ရီးရဲမက်ဒရစ် စတား ရော်နယ်ဒိုက ၎င်းရဲ့ ထုတ်ကုန်သစ် တစ်ခုဖြစ်တဲ့ ရေမွှေးအမျိုးအစားတစ်ခုကို ထပ်မံ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ရေမွှေးကတော့ အမျိုးသားများအတွက် သီးသန့် ထုတ်ထားတာဖြစ်ပြီး မုတ်ဆိတ်ရိတ်ပြီးလျှင် အသုံးပြုတဲ့ ရေမွှေးအမျိုးအစားပဲ ဖြစ်ပါတယ်။

အဆိုပါ ရေမွှေး နာမည်ကိုတော့ ရော်နယ်ဒိုက CR7 အမည်ပေးထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ ညက ကြော်ငြာ မိတ်ဆက် ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

ရေမွှေးရဲ့ သင်းရနံ့တွေကတော့ ဖာလာစေ့၊သစ်ကြံပိုးခေါက်၊စန္ဒကူး၊ရှောက်ဘလူး၊ဆေးရွက်ကြီးနဲ့ သစ်ခွအနံ့များ အပါအ၀င်စုစုပေါင်း သင်းရနံ့ (၈) မျိုး ထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ်။ အခု ထုတ်လုပ်လိုက်တဲ့ Aftershave အနေနဲ့ ဈေးကွက်အတွင်းဝင်လာမယ့် နောက်ဆုံးပေါ် ရေမွှေးအမျိုးအစားလည်း ဖြစ်ပါတယ်။

အဆိုပါ ထုတ်ကုန်နဲ့ ပက်သက်ပြီး ရော်နယ်ဒိုက-” ကျွန်တော်ရဲ့ လျှို့ဝှက် လက်နက်တစ်ခုအဖြစ် အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ ကျွန်တော့်ရဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ရော်နယ်ဒိုအနေနဲ့ ဘောလုံးလောကရဲ့ အောင်မြင်တဲ့ ကစားသမားတစ်ဦးသာမက ကမ္ဘာ့ဝင်ငွေအများဆုံး စာရင်းဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာလည်း CR7 အမည်နဲ့ ဟိုတယ်တစ်ခုကို မာဒရီယာမြို့မှာ ဖွင့်လှစ်နိုင်ခဲ့သလို အခြားသော အပန်းဖြေစခန်းတွေကိုလည်း ကမ္ဘအနှံ့ဖွင့်လှစ်ထားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် စပွန်ဆာကုမ္ပဏီအဖြစ် ကမ္ဘာကျော် NIKE ကုမ္ပဏီနဲ့လည်း စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါ တယ်။

Source-The Sun