အခမဲ့ကွန်ပြူတာအခြေခံသင်တန်း(၁/၂၀၁၇) သင်တန်း ဖွင့်လှစ်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွင့်ဖြိုးရေးပါတီမှ ကြီးမှူး၍ ယမန်နေ့နံနက်(10)တွင် မြို့နယ်ရုံး ခန်းမ၌ ကျင်းပရာ ရှမ်းတောင် ပါတီပြည်နယ် အရံကော်မတီဝင် တောင်ကြီးခရိုင် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံနှင့် မြို့နယ်အလုပ် အမှူဆောင် ကော်မတီဝင်များ၊ သင်တန်းနည်းပြများမှ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းသို့ တက္ကသိုလ်ဝင်တန်းအောင်များ၊ ဘွဲရလူငယ်များ စုစုပေါင်း ၆၁ ဦး တက်ရောက်ကြောင်းသိရှိရပါသည်။
သင်တန်းကာလမှာ ၁ လဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ ဒေသဦးစီးအဖွဲ့ဝင် ဦးကျော်ငြိမ်းမှ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်းသိရှိရ ပါသည်။
Ko Myo