Surface ထုတ်ကုန်သစ်ကို အောက်တိုဘာလကုန်တွင် Microsoft မိတ်ဆက်မည်

Microsoft ရဲ့ Surface ထုတ်ကုန်သစ်ကို အောက်တိုဘာ ၃၁ ရက် လန်ဒန်မြို့မှာ တရားဝင်မိတ်ဆက် သွားမယ်လို့ သိရပါတယ်။ အဲ့ဒီနေ့မှာ ကုမ္ပဏီရဲ့ Surface ဌာနအကြီးအကဲ Panos Panay က keynote speech ပြောကြားမှာ ဖြစ်ပါတယ်။

အောက်တိုဘာလမှာ Surface ထုတ်ကုန်သစ်မိတ်ဆက်မယ့်အကြောင်းကို ကုမ္ပဏီရဲ့အစီအစဉ်ကို သိရှိသူများက The Verge ထံ အတည်ပြု ပြောကြားခဲ့ပါတယ်။

အဲ့ဒီမိတ်ဆက်ပွဲမှာ LTE နဲ့သုံးနိုင်မယ့် Surface Pro နဲ့အတူ Surface Book နေရာဆက်ခံမယ့် ထုတ်ကုန် အပြင် Surface Hub သစ်ကိုလည်း တွေ့မြင်ရဖွယ်ရှိပါတယ်။

-နောင်နောင်
Ref: GSMArena