၂၀၁၇ခုနှစ်နွေရာသီဈေးကွက်မှာ မိုနာကိုအသင်း ယူရို (၂၈၉) သန်းမြတ်

ဘောလုံးလေ့လာသုံးသပ်ရေးအဖွဲ့အစည်းတစ်ခုရဲ့ ဖော်ပြချက်တွေအရ ဥရောပထိပ်တန်းလိဂ်(၅)ခုက အသင်းတွေထဲမှာ မိုနာကိုအသင်းက နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကနေ အမြတ်အများဆုံးရတဲ့ အသင်းဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ အကြိုဗိုလ်လုပွဲအဆင့်အထိရောက်ခဲ့တဲ့ မိုနာကိုအသင်းဟာ ကစားသမား အရောင်းအ၀ယ်ကနေ ယူရို(၂၈၉)သန်းအထိ အမြတ်ရခဲ့ပါတယ်။ မန်ဒီ၊ ဘာကာယိုကို၊ ဘာပေးစတဲ့ ကစားသမား အပါအ၀င် ကစားသမားအရောင်းကနေ စုစုပေါင်း ယူရို (၃၉၄)သန်းရခဲ့ပြီး ကစားသမားသစ် ပြန်ဝယ်ရာမှာ ယူရို(၁၀၅)သန်းပဲပြန်သုံးခဲ့ပါတယ်။ တကယ်လို့ ဈေးကွက်ပိတ်ရက်က တောင်ပံကစားသမား လီမာကို ယူရိုသန်း(၁၀၀)နဲ့ အာဆင်နယ်ကို ရောင်းဖြစ်ခဲ့ရင် ဒီထက်မက ပိုမြတ်ဦးမှာပါ။

မိုနာကိုပြီးရင် ဒုတိယအမြတ်ရဆုံးအသင်းကတော့ ဒေါ့တ်မွန်ပါ။ ဒေါ့တ်မွန်အသင်းဟာ ဒမ်ဘီလီကို ဘာစီလိုနာကို ရောင်းခဲ့ရာမှာ ယူရိုသန်းတစ်ရာကျော်ရခဲ့တာကြောင့် သူ့ရဲ့အသားတင်အမြတ်ဟာ ယူရိုသန်း(၁၁၀)အထိ ရှိခဲ့ပါတယ်။ ထူးခြားမှုကတော့ ကမ္ဘာ့စံချိန်တင်အပြောင်းအရွှေ့တွေနဲ့ ဘောလုံးကမ္ဘာကို ကိုင်လှုပ်လေ့ရှိတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီနှစ်နွေရာသီမှာ ကစားသမားအရောင်းအ၀ယ်ကနေ ယူရို (၄၇)သန်းမြတ်ခဲ့ပါတယ်။

 ပြင်သစ်တိုက်စစ်မှူး လာကဇက် တစ်ဦးတည်းကိုပဲအဓိက ခေါ်ယူမှုအဖြစ်ရှိခဲ့တဲ့ အာဆင်နယ်အသင်းကလည်း အပြောင်းအရွှေ့ဈေးကွက်ကနေ ယူရိုသန်း(၂၀)နီးပါးမြတ်ခဲ့ပါတယ်။

 -Ref; Sky sports