ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ပုဏ္ဏာကျွန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်ရာ မြို့ပေါ် ၄ ရပ်ကွက်မှ ကျောင်းထိုင်ဆရာတော (၇)ပါးအား ပင့်ဖိတ်ပြီး မြို့နယ်ပါတီဥက္ကဌ ဦးမြင့်စိုးဝင်း၊ အတွင်းရေးမှူး ဦးမောင် ကျော်တင် ၊ ဘဏ္ဍာရေးမှူး ဦးကျော်ဇံနှင့်ကော်မတီဝင်များ အရန် ကော်မတီဝင်များ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ ဥက္ကဌနှင့် တခြားဖိတ်ကြားထားသူများ တက်ရောက်ပြီး သံဃာ တော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မငွေများ လှူဒါန်းကြပါသည်။

ဖိတ်ကြားထားသော ဧည့်သည်တော်များအား ထမင်းနှင့် ဧည့်ခံကျွေးမွေး ကြပါသည်။ ယင်းနောက် သီရိမဉ္စူ ကျောင်းထိုင်ဆရာတော်အား ဆွမ်းစား ဆောင် ဆောက်လုပ်ရန်အတွက် ပါတီ    ဥက္ကဌ ဦးမြင့်စိုးဝင်း မိသားစုမှ ငွေကျပ် (၅၀၀၀၀၀) ငါးသိန်းအား လှူဒါန်းခဲပါသည်။

အခမ်းအနားအစီအစဉ်ကို ၁၁း၀၀ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Arakha Development News