၂၀၁၈ခုနှစ် BRICS ထိပ်သီးအစည်းအဝေးပွဲအား တောင်အာဖရိက၌ ကျင်းပမည်

ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ဖရိကနိုင်ငံတို့ဖြင့်ဖွဲ့စည်းထားသော BRICS အဖွဲ့အစည်း၏ ၁၀ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ် ရှမိန်မြို့တွင် ကျင်းပသည့် ၂၀၁၇ခုနှစ် BRICS ထိပ်သီးအစည်းအဝေးပွဲ ၌

ဇူးမားက ကျယ်ပြန့်သော နယ်ပယ်ကဏ္ဍများ နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ ရှိသည့် တောင်အာဖရိကနိုင်ငံသို့ ဖိုရမ်သို့ တက်ရောက်လာသူများ လာရောက်လည်ပတ်ရန် BRICS စီးပွားရေးဖိုရမ်၌ မိန့်ခွန်းပြောကြားစဉ် ဖိတ်ခေါ်ခဲ့သည်။

တောင်အာဖရိကနိုင်ငံ နှင့် အခြားသော BRICS အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ၂၀၁၆ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁.၂ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ဇူးမားကပြောကြားခဲ့သည်။ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ် ရှမိန်မြို့တွင် ကျင်းပခဲ့သည် BRICS စီးပွားရေးဖိုရမ် သို့ စီးပွားရေးလုပ်ငန်းပေါင်း ၆၀၀ကျော်မှ စီးပွားရေးလုပ်ငန်းရှင် ၁,၂၀၀ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

(Xinhua)