မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမော်တာစက်ချုပ်သင်တန်းဖွင့်
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့နံနက် ၉ နာရီတွင် မော်တာစက်ချုပ်သင်တန်းအား အောင်မြင်ကျော်ကြားအထည်ချုပ် လုပ်ငန်း ကုမ္ပဏီလီမိတက်နှင့်ပူးပေါင်း၍ သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်တော်များ၊သင်တန်းသူများ စုစုပေါင်းအင်အား ၁၅ဝကျော် တက်ရောက်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားနှုတ်ခွန်းဆက်ပြီး နံနက် ၁ဝနာရီမှစ၍ သင်တန်းသား ဦးရေ ၁ဝဝအား သင်တန်းနည်းပြများမှ ဆက်လက်သင်ကြားပြသခဲ့ကြကြောင်း သိရသည်။
အေးမင်းဇော်(မြောက်ဥက္ကလာ)