“TRANSFER DEADLINE DAY ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ”
(၁) ချယ်လ်ဆီးကို ရောင်းချဖို့ သဘောတူညီထားတဲ့ အာဆင်နယ် တောင်ပံကစားသမား ချိန်ဘာလိန်ဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အစောပိုင်းက ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ပေါင် ၃၅သန်းနဲ့ သဘောတူညီခဲ့ပြီးမှ ချိန်ဘာလိန်က ချယ်လ်ဆီးကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်က ချိန်ဘာလိန်အတွက် အာဆင်နယ်ကို ပေါင်သန်း ၄၀နဲ့ ကမ်းလှမ်းခဲ့ပြီးနောက် နောက်ဆုံးမှာ သဘောတူညီခဲ့ ပြီဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ တောင်ပံနေရာထက် ကွင်းလယ်နေရာမှာသာ ကစား လိုနေတာကြောင့် ချယ်လ်ဆီးကို ငြင်းပယ်ပြီး လီဗာပူးလ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ လီဗာပူးလ်မှာ တစ်ပတ်လုပ်ခ ၁သိန်း ၂သောင်းနဲ့ ၆နှစ် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
(၂) ဆွမ်ဆီးအသင်းဟာ အသင်းကြီးတွေ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘိုင်ယန် ကွင်းလယ်လူ ရီနာတို ဆန်းချက်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
(၃) စပါးအသင်းဟာ ပီအက်စ်ဂျီရဲ့ ညာနောက်ခံလူ အော်ရီယာကို ပေါင် ၂၃သန်းနဲ့ သဘောတူညီမှုရခဲ့အပြီး၊ အင်္ဂလန်မှာ ကစားခွင့် အလုပ်ပါမစ်ပါ ရရှိခဲ့ပြီးဖြစ်လို့ မကြာခင် အပြီးသတ် ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
(၄) ချယ်လ်ဆီးအသင်းကတော့ ဆွမ်ဆီးရဲ့ ၀ါရင့်တိုက်စစ်မှူး လော်ရန်တေး၊ လက်စတာရဲ့ ကွင်းလယ်လူ ဒန်နီ ဒရင့်ဝေါ်တားတို့က ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
(၅) ရှော်လ်ကာအသင်းရဲ့ ဂျာမနီနောက်ခံလူ ဟိုဝီဒက်စ်ဟာ ဂျူဗင်တပ်စ် အသင်းကို ပေါင် ၁၈သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
(၆) ၀က်စ်ဘရွန်းအသင်းဟာ အာဆင်နယ်ရဲ့ နောက်ခံလူ ကီရမ် ဂစ်ဘ်ကို ပေါင် ၇သန်းနဲ့ ခေါ်ယူပြီးနောက် ပီအက်စ်ဂျီရဲ့ ပိုလန် ကွင်းလယ်လူ ကိုဘီယက်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူလိုက်ပါတယ်။
(၇) မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ် တောင်ပံကစားသမား အလက်ဆစ် ဆန်းချက်ဇ်ကို ပေါင်သန်း ၇၀နဲ့ အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဆန်းချက်ဇ်ဟာ ချီလီနဲ့အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားဖို့ တောင်အမေရိကကို ရောက်ရှိနေတာကြောင့် မန်စီးတီးအသင်းဟာ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ အမြန်ပြီးစီးဖို့ အသင်းဆေးအဖွဲ့ကို ချီလီနိုင်ငံကို စေလွှတ်ထားပြီး ဆေးစစ်မှုပြုလုပ်ဖို့ ကြိုးစားနေပါတယ်။
(၈) အာဆင်နယ်အသင်းကလည်း ဆန်းချက်ဇ်ကို လက်လွှတ်ခဲ့ရပါက အသင့် အစား ထိုးနိုင်ဖို့ ပီအက်စ်ဂျီ တောင်ပံကစားသမား ဒရက်ဇ်လာကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အာဆင်နယ်ရဲ့ ကွင်းလယ်လူ ဂျက် ၀ီရှိုင်းယားကို ၀က်စ်ဟမ်းအသင်းက အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။
(၉) ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာဟာ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်ကို ပြန်ဖို့နီးစပ်နေပြီ ဖြစ်ပါတယ်။ ကော်စတာအတွက် ချယ်လ်ဆီးနဲ့ အက်သလက်တီကိုတို့ ပေါင် ၄၉ သန်းနဲ့ သဘောတူညီဖို့ နီးစပ်နေပြီလို့ ဗြိတိန်ထုတ် The Sun သတင်းစာက ဖော်ပြထားပါတယ်။
(၁၀) လီဗာပူးလ်အသင်းဟာ မိုနာကိုရဲ့ သောမတ် လီမာကို ပေါင် ၇၄သန်းအထိ ထိုးမြှင့်ပြီး ထပ်မံ ကမ်းလှမ်း လိုက်ပါတယ်။ လီမာဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားဖို့ ပဲရစ်မှာ ရောက်ရှိ နေပြီး တကယ်လို့ မိုနာကိုက သူ့ကို ရောင်းချပါက အပြီးသတ် ဆေးစစ်နိုင်ဖို့ လီဗာပူးလ်အသင်းရဲ့ ဆေးအဖွဲ့ဟာ ပဲရစ်မြို့မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
(၁၁) ဗြိတိန်သတင်းတွေရဲ့ အဆိုအရ လီဗာပူးလ်ဟာ ကော်တင်ညိုကို မြင့်မားတဲ့ ဈေးနဲ့ ဘာစီလိုနာကို ရောင်းချဖွယ်ရှိနေလို့ အခုလို သောမတ်စ်လီမာကို ကြိုးပမ်းနေ တာဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာ ကလည်း ကော်တင်ညိုကို နောက်ဆုံး အချိန် အထိ ကြိုးမ်းလျက်ရှိနေပါတယ်။ Yahoo Sports ရဲ့ အဆိုအရတော့ လီဗာပူးလ်နဲ့ ဘာစီလိုနာတို့ဟာ ကော်တင်ညိုအတွက် ပေါင် ၁၄၅သန်းနဲ့ သဘောတူညီမှု ရထားပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
(၁၂) မန်စီးတီးအသင်းဟာ ဂျွန်နီ အီးဗန်းစ်အတွက် ၀က်စ်ဘရွန်းအသင်းမှ သတ်မှတ်ထား တဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ကို ပေးဖွယ်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
(၁၃) လက်စတာစီးတီးရဲ့ တောင်ငံကစားသမား မားရက်ဇ်က ဘာစီလိုနာရဲ့ စိတ်ဝင်စားခြင်း ကို ခံနေရပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းနဲ့ မမျှော်လင့်ပဲ လာလီဂါကို ရောက်သွားဖွယ်ရှိနေပါတယ်။
(၁၄) အဲဗာတန်အသင်းဟာ ဘာကလေအတွက် ချယ်လ်ဆီးက ကမ်းလှမ်းတဲ့ ပေါင် ၂၅သန်းကို ငြင်းပယ် လိုက်ပြီး အနည်းဆုံး ပေါင် ၄၅သန်းရမှ ရောင်းချမယ်လို့ ဆိုပါတယ်။ *ဒီကနေ့ဟာ နွေရာသီ ကစားသမား အပြောင်းရွှေ့ရဲ့နောက် ဆုံးနေ့ဖြစ်ပါတယ်။ ကစားသမား အပြောင်းအရွှေ့တွေကို ဘီဘီစီ မြန်မာပိုင်းရဲ့ Facebook မှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
“Transfer Deadline Day ဘယ်အချိန်ပိတ်မလဲ”
အင်္ဂလန်၊ စကော့တလန်၊ ပြင်သစ်၊ အီတလီတို့ဟာ ဒီကနေ့ည ဒေသ စံတော်ချိန် ည ၁၁နာရီမှာ ဈေးကွက်ပိတ် မှာ ဖြစ်ပါတယ်။ ( မြန်မာစံတော်ချိန် သောကြာနေ့ နံနက် ၄နာရီခွဲ) ဂျာမနီကတော့ ညနေ ၅နာရီ၊ ( မြန်မာ စံတော်ချိန် ည ၁၀နာရီခွဲ)မှာ ပိတ်မှာဖြစ်ပါတယ်။ စပိန်ကတော့ စက်တင်ဘာ ၁ရက်နေ့ည သန်ခေါင်ယံ ရောက်မှာ ဈေးကွက်ပိတ်မှာ ဖြစ်ပါတယ်။
(ဘီဘီစီ)