ပုသိမ်ခရိုင်ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။
အထူးအစီအစဉ်အဖြစ် ရခိုင်ဒေသရှိ တိုင်းရင်းသားရခိုင်လူမျိုးများကို ကူညီအားပေးသည့် အနေဖြင့် ရပ်/ကျေး ပါတီကော်မတီများ၊ မြို့နယ်ပါတီကော်မတီများက စုပေါင်းအလှူငွေကျပ် ၁၁၂၇၅ဝ ကို ကောက်ခံရရှိပြီး ကျုံပျော်မြို့နယ် ရွှေပြည်တော်သို့ ဆုံမှတ် အဖွဲ့မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်သည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ကျဆုံးလေပြီးသော ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၊တပ်မတော်သားများအား အလေးပြုခြင်းနှင့် ရခိုင်ပြည် နယ်တွင်ဖြစ်ပွားနေသည့် ဘင်္ဂါလီအကြမ်းဖက်များကြောင့်သေဆုံးသွားသော နိုင်ငံ့ ဝန်ထမ်းများနှင့် ရခိုင်တိုင်းရင်းသားများအတွက်ဝမ်းနည်းခြင်း တစ်မိနစ်ငြိမ်သက်ကာ ဂါရဝပြု ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့တိုင်းဒေသကြီးပါတီကော်မတီဝင်ဒေါက်တာထိန်ဝင်း၊ ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်နှင့်ပါတီဝင်များ၊မြို့နယ် ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည် များနှင့် ရပ်/ ကျေးပါတီဝင် များတက်ရောက်ခဲ့ပြီးအခမ်းအနားကို မွန်းလွဲ၂နာရီခွဲတွင် ရုပ်သိမ်းခဲ့ ကြောင်းသိရသည်။
ချမ်းမြေ့အောင်