ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံဧည့်ခံပွဲကို နေပြည်တော်ရှိပါတီဌာနချုပ် ညီလာခံ ခန်းမ၌ ယနေ့ညနေ ၆ နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာ၌ လက်ရှိနိုင်ငံ တော်တွင်ဖြစ်ပေါ်နေသော ပကတိ ဖြစ်ရပ်များအပေါ် မိမိပါတီအနေ ဖြင့်သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့သည့်အပြင် အမြင်နှင့် အသွင်တူ ပါတီများပူးပေါင်း၍ နိုင်ငံတော်သို့ အပြုသဘောတိုက် တွန်းချက်များ ထုတ်ပြန်ကြေညာခဲ့ ပါကြောင်း၊ပါတီကိုယ်စားပြုလွှတ် တော် ကိုယ်စားလှယ်များကလည်း လွှတ်တော်အတွင်းမှ အမျိုးသား အကျိုးစီးပွားအတွက် အဆိုနှင့် မေးခွန်းများမေးမြန်းဆောင်ရွက်မှု များပြုလုပ်ခဲ့ပါကြောင်း၊ ယင်းသို့ အပြုသဘော ဆောင်ရွက်ချက်များ သည် နိုင်ငံတော်နှင့်နိုင်ငံသားများ အတွက် အမျိုးသားအကျိုးစီးပွား ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လွှတ်တော်တွင်း မိမိတို့ပါတီ ဆောင်ရွက်ချက်များအပေါ်အင်အား အသာစီးရရှိမှုကို အခွင့်ကောင်းယူ ပြီး ကန့်ကွက်မှုများကြောင့် အောင် မြင်မှုမရရှိသည်များရှိကြောင်း၊ သို့ သော်လည်း ပြည်သူလူထုက မိမိ တို့၏ တိုင်းပြည်နှင့်လူမျိုးအတွက် ဆောင်ရွက်ချက်များကို နားလည် သိရှိကြပါကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ နှစ်ခုစလုံးမှ အမျိုးသားရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာ ကွယ်စောင့်ရှောက်သွားမည်ဖြစ် ပါကြောင်း၊ မိမိတို့အကြံပြုချက် များအား ဆောင်ရွက်နိုင်မှုမရှိခြင်း နှင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ အတွက် ဆိုင်ရာတာဝန်ရှိသူများ၏ တာဝန်သာဖြစ်ကြောင်း ပြောကြား ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကလွှတ်တော်တွင်း ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် တွေ့ ကြုံရသည့်အခြေအနေများတင်ပြ ပြီး ပါတီ၏လမ်းညွှန်မှုခံယူ၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပါတီကိုယ်စားပြု ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ နှင့်တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။