ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ် ပါတီကော်မတီဝင်များတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယခုလ ၂၂ရက် မွန်းတည့် ၁၂ နာရီက စဥ့်ကိုင်မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ကျောက်ဆည်ခရိုင်ပါတီကော်မတီနှင့် ကျောက်ဆည်ခရိုင်အတွင်း ရှိ မြို့နယ်လေးမြို့နယ်မှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဆိုင်ရာကိစ္စရပ်များကို      ဆွေးနွေး မှာကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေ  အနေများ၊ ပြည်ခိုင်ဖြိုးပါတီ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုများ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ပါတီအောင်နိုင်ရေးကိစ္စရပ်များ၊ပါတီဝင် ကျစ်လျစ် ခိုင်မာရေးနှင့် စိစစ်ရေးကိစ္စရပ်များ အစရှိသည်တို့ကို မှာကြားဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပါတီ များမှ တာဝန်ရှိသူများက နယ်မြေဒေသ အလိုက်ပါတီလုပ်ငန်းဆောင်ရွက်နေမှုများနှင့်           ပတ်သက်၍ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးနယ်မြေတာဝန်ခံနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တို့ က ပြန်လည်ဖြည့်စွက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသ ကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့်အတူ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်း နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဆည်မြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်တို့မှ ဥက္ကဋ္ဌများ၊မြို့နယ်အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ စုစုပေါင်းအင်အား ၁၂ဝ ခန့်    တက်ရောက်ခဲ့ကြသည်။

သုတ