ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးလှသိန်း ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များတွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီတွင် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးလှသိန်းနှင့်အတူ တိုင်းဒေသကြီး ကော်မတီ ဝင်ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်စိုးတို့လိုက်ပါ၍ ကျောက်တံခါး ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦး နှင့် ကော်မတီဝင်များက ကြိုဆိုကြသည်။ ယင်းနောက် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးလှသိန်းက ရှေ့လုပ်ငန်းစဉ်များ အားဆွေးနွေးမေးမြန်းရာ ပါတီဥက္ကဋ္ဌဦးကျော်ဆန်းဦးက ကျောက်တံခါးမြို့နယ်၊ ရပ်ကွက်၊ကျေးရွာရေးရာအလိုက် ပါတီဝင်တိုးချဲ့ဖွဲ့စည်းထားမှုနှင့် မြို့နယ် အတွင်း ပါတီဝင်များ၏လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးလှသိန်းက လိုအပ်သည်များကို မှာကြား၍ ဆွေးနွေးပွဲကို နံနက် ၁ဝ နာရီခွဲတွင် ပြီးစီးကြောင်း သိရသည်။ အဆိုပါတွေဆုံပွဲသို့ ကျောက်တံခါး ပြည်ခိုင်ဖြိုးပါတီဝင် ၁၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)