လာလီဂါသမိုင်းတစ်လျှောက် အကောင်းဆုံးအဖြစ် မက်ဆီ သတ်မှတ်ခံရ
သက်တမ်း (၈၈) နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့် လာလီဂါ(စပိန်အမှတ်ပေးပြိုင်ပွဲ)သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
လာလီဂါပြိုင်ပွဲတွင် Outfield Player (၉၂၈၀)ဦး၊ ဂိုးသမား (၈၅၄) ဦးပါဝင်ကစားခဲ့ပြီး မက်ဆီသည် စွမ်းဆောင်ရည်ရမှတ် (၅၄၅) မှတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
မက်ဆီ၏ နောက်တွင် ရီးယဲလ်ဂန္ထ၀င်တိုက်စစ်မှူး ရာအူးလ်က ရမှတ် (၅၂၈) မှတ်ဖြင့် ဒုတိယနေရာတွင် ရှိခဲ့ပြီး အကောင်းဆုံးကစားသမား ထိပ်ဆုံး (၁၀) ဦးစာရင်း၌ ဆီဆာ၊ ဇာရာ၊ ဒီစတီဖာနိုတို့လို နာမည်ကျော် ကစားသမားများ ပါဝင်ခဲ့သည်။
ယင်းအကောင်းဆုံးကစားသမား စာရင်းကို ဘောလုံးသုတေသနပညာရှင် ဟိုဆေးအန်တိုနီယိုအော်တေဂါက ပြုစုခဲ့ခြင်းဖြစ်ပြီး ကစားသမားတစ်ဦး၏ ပွဲကစားချိန်၊ သွင်းဂိုး(Open Play၊ ပယ်နယ်တီ)၊ Own Goal၊ စည်းကမ်း ပိုင်းဆိုင်ရာ အခြေအနေများအပြင် နည်းစနစ်အရည်အသွေးနှင့် အောင်မြင်မှုများကို ထည့်သွင်းတွက်ချက်၍ မှတ်တမ်း ပြုစုခဲ့ခြင်းဖြစ်သည်။
-Ref; Sky sports