မြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လှိုင်သာယာမြို့နယ်တွင် ကွင်းဆင်းဆောင်ရွက် ညှိနှိုင်းစည်းဝေး

 

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးတင်ယု၊ ခရိုင်ပါတီကော်မတီဝင် (လှိုင်သာ ယာမြို့နယ်)တာဝန်ခံ ဦးမင်းမင်း တို့သည် ယနေ့နံနက် ၁ဝ နာရီတွင် လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းအတွင်း မြို့နယ်ပါတီ ကော်မတီဝင်များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်သည်။

အစည်းအဝေးတွင် မြောက် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယုက မိမိတို့ပါတီသည် ပြည်သူများ၏ အားထားရသော ပါတီအဖြစ် ပြည်သူ့ဘဝ ယနေ့ ဖြစ်ပေါ်နေသော အခြေအနေများ ကိုအစဉ်တစိုက်ကူညီကြရမည်ဖြစ် ကြောင်း၊ သဘာဝဘေး၊ မီးဘေး၊ ယာဉ်မတော်တဆမှုကအစ ကိုယ် ကျိုးမကြည့် ကူညီကြရန် မှာကြား ပြီး လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုး ပါတီ(ယာယီ)ဥက္ကဋ္ဌ ဦးဇေယျာ အောင်က လှိုင်သာယာမြို့နယ်တွင် ရပ်ကွက် ၂ဝ၊ ကျေးရွာအုပ်စုကြီး ကိုးအုပ်စုမှ ပါတီဝင်အင်အား ပြန် လည်စိစစ်ခြင်း၊အင်အားတိုးပွားရေး စည်းရုံးခြင်း၊ ပါတီဝင်ကြေး ကောက်ခံစာရင်းပြုစုခြင်း၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက် မှုကို အဖွဲ့လေးဖွဲ့ခွဲ၍ ဆောင်ရွက် လျက်ရှိကြောင်း တင်ပြသည်။
အဆိုပါ တင်ပြချက်များကို မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်ယုက လမ်းညွှန်မှာကြားပြီး မြို့နယ်အတွင်းရှိ ပါတီဝင်များ အရည်အသွေးမြင့်မားရန် သင်တန်း များပေးခြင်း၊ စည်းရုံးရေး၊လူမှုရေး၊ အမျိုးသမီးထု၊ လူငယ်ထု အလုပ် အကိုင်များရရှိစေရန် လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ် ပေးရန် လမ်းညွှန်မှာကြားကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)