ပြင်သစ်သမ္မတသစ်က ကက်ဘိနက်အ ဖွဲ့အား ရွေးချယ်ခန့်အပ်
ပြင်သစ်နိုင်ငံ၏ ရွေးကောက်ခံသမ္မတသစ်က မှန်းထားသည့်ရက်ထက် တစ်ရက်စောပြီး ကက်ဘိနက်အဖွဲ့အား မေ ၁၇ ရက်တွင် ဖွဲ့စည်းခန့်အပ်သည်။
မက်ခရွန်သမ္မတဖြစ်လာရေးအတွက် ကျောထောက်နောက်ခံပြုသည့် နိုင်ငံရေးသမားများတွင် တစ်ဦးအပါအ၀င် ဖြစ်သူ လိုင်ယွန်မြို့တော်ဝန် ဂီရတ်ကိုလွန်းက ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။
ဆိုရှယ်လစ်တစ်ဦးဖြစ်ပြီး လက်ရှိအထိ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဂျင်းလီဒရိန်းအား နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။
ကွန်ဆာဗေးတစ်ဥပဒေပြုအမတ် ဘရူနိုမိုင်းရီကို အီးယူအဖွဲ့ဝင်များ၏ ယုံကြည်မှု ပိုမိုရရှိရေးအတွက် ဆိုရှယ်လစ် ဖြစ်သည့် မီရှယ်ဆာပင်းနေရာတွင် အစားထိုးကာ ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ် သည်။
မက်ခရွန်အစိုးရသစ်၏ ကက်ဘိနက်အဖွဲ့ဝင် ၂၂ ဦး ခန့်အပ်ရာတွင် တစ်ဝက်က အမျိုးသမီးများဖြစ်သည်။
ဘဏ်လုပ်ငန်းရှင်ဟောင်း မက်ခရွန်သည် ရွေးကောက်ပွဲတွင် လက်ယာစွန်းပါတီက လီပင်းကို အနိုင်ရကာ သမ္မတဖြစ်လာခဲ့သည်။ ၎င်းသည် အီးယူအဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်သွားရေးကို ထောက်ခံသူဖြစ်သည်။