ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့်ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ
ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ၌ ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တအာသဖ အမှူးပြုသော ပင့်သံဃာ ၂၅ ပါြး<ွကရောက်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီးကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တပည့်ဒါယကာ၊ ဒါယိကာမ များ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ ဆရာတော်၊ ရန်အောင်ဇေယုတောင်တောရ ဆရာတော် ဘဒ္ဒန္တဝိလာသထံမှငါးပါးသီလခံယူဆောက်တည်၍ မြို့မိမြို့ဖဆရာကြီးဦးဘညွန့်က ဆရာတော်အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်အေးက ဌာနဆိုင်ရာ စုပေါင်းလှူဒါန်းသည့် ဝတ္ထုငွေကိုဆက်ကပ်လှူဒါန်းသည်။ မြို့နယ်သာသနာရေးမှူး ဦးကျော်ဦးက သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး စောင်းကြည်သာဗိုလ်နှင့်အဖွဲ့က ဂုဏ်ပြုတေးထပ်များဖြင့် သီဆိုပူဇော်ခဲ့ကြသည်။ မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော်က အနုမောဒနာတရားချီးမြှင့်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ဦးမျိုး(ပျော်ဘွယ်)