ကိုပါ အီတာလီယာ ဖလားကို (၃)ရာသီဆက် ရယူနိုင်သည့် ပထမဆုံး အသင်းအဖြစ် ဂျူဗင်တပ်စ် မှတ်တမ်းဝင်

ဂျူဗင်တပ်စ်အသင်းသည် လာဇီယိုအသင်းကို ကိုပါအီတာလီယာဗိုလ်လုပွဲတွင် (၂-၀) ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ကိုပါ အီတာလီယာဖလားအား (၃)ရာသီဆက်ရယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကိုပါအီတာလီယာဗိုလ်လုပွဲတွင် ဂျူဗင်တပ်စ်အသင်း၏ အနိုင်ဂိုးများကို အဲလ်ဗတ်စ်နှင့် ဘိုနူချီတို့က သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။

ယင်းနိုင်ပွဲကြောင့် ဂျူဗင်တပ်စ်အသင်းသည် ဖလား(၃)လုံး ချန်ပီယံမျှော်လင့်ချက်နှင့် ပိုမိုနီးစပ်လာခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် ခရိုတိုနီနှင့်ပွဲ၌ အနိုင်ရရှိခဲ့ပါက စီးရီးအေ ချန်ပီယံ ဆုကို (၆)ရာသီဆက် ရရှိမည်ဖြစ်သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိ နေပြီး ရီးယဲလ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

Eleven sports