အစ္စတန်ဘူလ် အိုးပင်းတွင် ချန်ပီယံ ဖြစ်သွားခဲ့တဲ့ မာရင်းဆီလစ်

ခရိုအေးရှား တင်းနစ် ကစားသမား မာရင်းဆီလစ်ဟာ ပြင်သစ် အိုးပင်း အကြို ပြိုင်ပွဲတွေထဲက တစ်ပွဲ ဖြစ်တဲ့ အစ္စတန်ဘူလ် အိုးပင်း တင်းနစ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ ကနေဒါ နိုင်ငံသား မီလော့စ်ရာအိုနစ်ကို အနိုင်ရပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

မာရင်းဆီလစ်ဟာ ရာအိုနစ်ကို ၆-၇၊ ၆-၃ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကစားသမား ဖြစ်သူဟာ ရှုံးထွက်အဆင့်မှာ ဘော့စနီးယားနိုင်ငံသား ဒီဇမ်ဟာကို အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဘယ်လ်ဂျီယံ ကစားသမား ဖြစ်သူ စတီဗင်ဒါဆစ်ကို ၆-၁၊ ၆-၁ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် အဆင့်မှာတော့ ရှဝါဇာမန်ကို ၆-၁၊ ၇-၆ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

-Ref; Sky Sports