တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အဖျောက်ဒေသကျေးရွာ အုပ်စုများသို့ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ဦးဆောင်၍ ယမန် နေ့ နံနက် ၉နာရီခွဲမှစတင်ကာ အဖျောက်ဒေသ မိုးကုလား၊ အင်း တရာနှင့် ချောင်းသုံးခွကျေးရွာ အုပ်စုများသို့ ပါတီဝင်အင်အား စိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက် ခံခြင်း၊ပါတီဝင်သစ်များစည်းရုံးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ သည်

ထိုသို့ဆောင်ရွက်ရာတွင် ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ် ပါတီကော်မတီဝင်များက ပါတီဝင် များတွင်ရှိရမည့် အရည်အချင်း သတ်မှတ်ချက်များနှင့်လျော်ညီစွာ ပါတီဝင်တစ်ဦးချင်းစီ၏ ဆန္ဒ သဘောထားများရယူလျက်ပါတီဝင် အင်အားစိစစ်ခြင်း၊ ပါတီဝင်နှစ် စဉ်ကြေးပေးသွင်းနိုင်ရေး ဆောင် ရွက်ခြင်းလုပ်ငန်းနှင့် ပါတီဝင်အင် အားသစ်များ စည်းရုံးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက် ရာတွင် ပါတီဥက္ကဋ္ဌဦးခင်မောင်မြင့် နှင့်အတူ မြို့နယ်ပါတီကော်မတီဝင် များဖြစ်သည့် ဦးကျော်မင်း(စည်း ရုံးရေးရာ)၊ဦးသိန်းဌေး(ပါတီစည်း ကမ်းထိန်းသိမ်းရေးရာ)၊ ဦးမြင့်ရွှေ၊ ဦးတင်မောင်ဇော်(သတင်းပြန်ကြား ရေး)၊ မြို့နယ်လူငယ်ရေးရာ ပါတီ ကော်မတီဝင် ကိုဟင်နရီသိန်း၊ ကိုသန်းနိုင်၊ မိုးကုလားကျေးရွာ အုပ်စု ပါတီစည်းရုံးရေးမှူးဦးထွန်း အောင်၊အင်းတရာပါတီစည်းရုံးရေး မှူးဦးကျော်ဝင်းဇော်၊ ချောင်းသုံးခွ ပါတီစည်းရုံးရေးမှူးဦးမျိုးအောင် နှင့် ကျေးရွာအုပ်စုပါတီကော်မတီ ဝင်များ၊ ပါတီလူငယ်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)