ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနိုင်ငံရေး စီမံခန့်ခွဲမှုနည်းပြ(ဆင့်ပွား) သင်တန်းဖွင့်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးတွင်ဖွင့်လှစ်သောအဆိုပါ သင်တန်းအား တောင်ငူခရိုင်ပါတီ ဥက္ကဋ္ဌ ဦးတင်စိုး၊ သင်တန်းနည်းပြ ဦးသိန်းမြင့်ထွန်းနှင့် ခရိုင်လူငယ် ရေးရာတာဝန်ခံဒေါ်သိမ့်သိမ့်အောင် တို့က ယမန်နေ့ နံနက် ၁ဝနာရီတွင် သင်တန်းဖွင့်လှစ်ပေးပြီး အဆိုပါ သင်တန်းအား ကျောက်ကြီးမြို့နယ် ရပ်ကွက်ကျေးရွာ ၄၁ အုပ်စုမှ ပါတီဝင်ဦးရေ ၈ဝကျော် တက် ရောက်ပြီး သင်တန်းချိန် နံနက် ၁ဝနာရီမှ ညနေ ၄ နာရီအထိ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

ခိုင်ကြီး(ကျောက်ကြီး)