ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ခရိုင် မြို့နယ်ဥက္ကဋ္ဌများ စည်းရုံးရေးတာဝန်ခံများနှင့် လပတ်ညှိနှိုင်းဆွေးနွေး
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ စည်းရုံးရေးရာတာဝန်ခံ များလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁ဝ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီအစည်းအဝေးခန်းမတွင်ကျင်းပ ရာ ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဗဟို ကော်မတီဝင်ဦးသာဝင်း၊ စည်းရုံး ရေးရာတာဝန်ခံဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ စည်းရုံးရေးရာတာဝန်ခံများတက် ရောက်ကြသည်။
တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးဦးသာဝင်းက ယခု လပတ်အစည်းအဝေးသည် ပါတီဝင် အင်အားစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ကိုင်ဆောင်ရွက်မှုများကို သုံး သပ်စိစစ်သွားရန်ဖြစ်ကြောင်း၊ ရရှိ လာသည့် အင်အားစာရင်းများကို ဗဟိုသို့ တင်ပြပေးသွားရမည်ဖြစ် ကြောင်း၊ ပါတီဝင်အင်အားစိစစ် ခြင်းနှင့် ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း လုပ်ငန်းများကို ယခုလ ၁၅ ရက် နောက်ဆုံးထား၍ ဆောင်ရွက်ကြ ရန်မှာကြားထားကြောင်း၊ သို့ဖြစ်၍ သတ်မှတ်ထားသည့် နမူနာပုံစံ အတိုင်း စာရင်းပြုစုဆောင်ရွက်ပေး ကြဖို့တိုက်တွန်းကြောင်း မှာကြား သည်။
ထို့နောက် စည်းရုံးရေးရာ တာဝန်ခံဗဟိုကော်မတီဝင် ဦးတင် မောင်ဝင်းက ပါတီစည်းရုံးရေးလုပ် ငန်းမှာ မိမိတို့၏ မူဝါဒလုပ်ငန်းစဉ် များကို ပါတီအောက်ခြေအထိပြန် လည်ဖြန့်ကြက်ရသည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက် သည့်လုပ်ငန်းများကို လုပ်စေချင် ကြောင်း၊ အောက်ခြေအဖွဲ့များကို ပြန်လည်ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ ပြန်လည်ဖွဲ့စည်းရာတွင် လူမှန် နေရာမှန်ဖြစ်ရန်နှင့် လူငယ်များ၊ လူတော်များကို ရွေးချယ်ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ လချုပ်စာရင်းများ ကိုလည်း အမှန်အတိုင်း ပြုစုတင်ပြ ကြရန်လိုကြောင်း၊ သင်တန်းများ ဖွင့်လှစ်သွားရန်လည်း စီစဉ်လျက် ရှိကြောင်း ပြောကြားပြီး တက် ရောက်လာသည့် ခရိုင်ပါတီဥက္ကဋ္ဌ များက ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို တင်ပြကြသည်။
ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့် စည်းရုံးရေးရာတာ ဝန်ခံများက တွေ့ကြုံရသည့်အခက် အခဲများ၊ အတွေ့အကြုံများကို တင်ပြကြပြီးရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက နိဂုံးချုပ်အနေဖြင့် ပါတီဝင်အင်အား စိစစ်ခြင်းနှင့် ပါတီနှစ်စဉ်ကြေး ကောက်ခံခြင်းလုပ်ငန်းများဆောင် ရွက်ရာတွင် စာရင်းဇယားများ မှန်မှန်ကန်ကန်ရရှိရန်နှင့် သတ်မှတ် သည့်ပုံစံအတိုင်း အချိန်မီပြီးစီးရန် ဆောင်ရွက်ကြစေချင်ကြောင်း၊ မိမိ တို့လုပ်ကိုင်ဆောင်ရွက်မှုကိုသာမန် အဆင့်ထက်ပို၍ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း၊ အနောက် ပိုင်းခရိုင်မှသွေးလှူဒါန်းမည့် သွေး လှူရှင်များ ကြိုတင်စုဆောင်းထား ကြရန်တိုက်တွန်းပြောကြားခဲ့သည်။
ထိန်ဝင်း(YGN)