ကိုမန်ကို ယူရို ၂၈ သန်းဖြင့် ဘိုင်ယန်အပြီးသတ် ခေါ်ယူ

ဂျူဗင်တပ်မှ အငှားစာ ချုပ်ဖြင့် ခေါ်ယူထားသော ကင်းစလေကိုမန်ကို ဘိုင်ယန်မြူးနစ် က ၂၀၂၀ အထိ သက်တမ်းရှိ စာချုပ်ဖြင့် ယူရို ၂၈ သန်းပေး၍ အပြီးသတ်ခေါ်ယူလိုက်သည်။

ပြင်သစ်တောင်ပံကစားသမားကိုမန် (၂၀)နှစ်သည် ကြီးကျယ်သော အလားအလာရှိသည့် ကစားသမား ဖြစ်ပြီး မိမိတို့အသင်း၏ အနာဂတ်ကို တည်ဆောက်ရာတွင် အရေးပါသော ကစားသမားတစ်ဦးဖြစ်သည်ဟု ဘိုင်ယန်အသင်းဥက္ကဋ္ဌ ကားလ် ဟိန်းဇ်ရူမန်နီဂီက ပြောကြားသည်။

ကိုမန်သည် ၂၀၁၅ က ၂ နှစ်အငှားစာချုပ်ဖြင့် ဘိုင်ယန်သို့ ရောက်လာပြီး ၎င်းကို ချယ်လ်ဆီး၊ မန်စီးတီး စသော အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသည်။

ကိုမန်သည် ယခုရာသီတွင် ဘိုင်ယန်အတွက် ပြိုင်ပွဲအရပ်ရပ် ၂၃ ပွဲပါဝင်ကစားပြီး နှစ်ဂိုးသွင်းယူထားသည်။

ထိုအတောအတွင်း ဒေါ့မွန်ကို ရှုံးပြီး ဂျာမန်ပိုကယ်ဖလားမှ ထွက်ခဲ့ရခြင်းအတွက် ဘိုင်ယန်နည်းပြ အန်ဆယ် လော့တီ က ၎င်း တို့ကိုယ်တိုင်သာ အပြစ်ရှိသည်ဟု ပြောကြားသည်။

ဒေါ့မွန်သည် မိုချန်ဂလာဘတ်ကို ပင်နယ်တီအဆုံးအဖြတ် ၇-၆ ဂိုးဖြင့် နိုင်ခဲ့သော ဖရန့်ဖတ်နှင့် ပိုကယ် ဖလား ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။

ef:Goal