ရသေ့တောင်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မြို့နယ်ကော်မတီဝင်များ တွေ့ဆုံခြင်း အခမ်းအနားကိုကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စစ်တွေခရိုင် ကော်မတီဝင် ဦးသိန်းထွန်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝေကျော်အောင်၊ မြို့နယ် ပါတီအတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့ကော်မတီများတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ ပါတီစီစစ်ရေးလုပ်ငန်း သင်တန်း ဖွင့်လှစ်ရေးကိစ္စရပ်များ၊ ပါတီဝင် ကြေးကိစ္စများနှင့် ဗဟိုပါတီဥက္ကဋ္ဌကြီး၏ မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စစ်တွေခရိုင်ကော်မတီဝင်မှ ပါတီ၌လုပ်ဆောင်ရာတွင် ယုံကြည်ချက် ခံယူချက် ထားရှိရမည့် ကိစ္စများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အတွင်းရေးမှူးမှ ရုံးတွင်းဝင်စာ/ထွက်စာများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကော်မတီ ဝင်များမှ သိလိုသည်များအား မေးမြန်းခဲ့ကြရာ ခရိုင်ပါတီကော်မတီဝင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့မှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#ခိုင်ဖြိုး(ရသေ့တောင်)