အင်္ဂပူပြည်ခိုင်ဖြိုး ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ်များ လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးနေလင်းအောင်၊ ဘဏ္ဍာရေးမှူး မြို့နယ် ပါတီကော်မတီဝင်များနှင့် ညောင်ကျိုးဒေသ ရပ်/ကျေးခေါင်းဆောင်များသည် ဧပြီလ (၂၂) ရက်က သက္ကယ်တန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ၊ ဘုရားကျွန်းကျေးရွာ၊ လက်ျားကုန်းကျေးရွာ ကျွန်းရွှေဝါ ကျေးရွာနှင့် ချင်းကုန်းကျေးရွာများသို့ သွားရောက်၍ နယ်မြေခံပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး ချင်းကုန်း ကျေးရွာ ကွန်ကရစ်လမ်းခင်းရန်အတွက် ဘိလပ်မြေ (၅၀)အိတ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ လူတော်စုအုပ်စု အမြိုင်းကျေးရွာ ဇမ္ဗုဒီပ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ဆရာတော် အားဖူးမြော်ပြီး ဓမ္မစကူးလ်တက်ရောက်နေသော ကျောင်းသား/သူများအား အာဟာရ ဒါနအဖြစ် မုန့်များ လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ဆောက်လျှက်ရှိသော ယောဂီဆောင်အတွက် ဘိလပ်မြေ (၃၀)အိတ်တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

# Ko Ko Pai