နိုင်ငံတကာရေးရာကော်မတီ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံတကာရေးရာ ကော်မတီ တာဝန်ခံ ဗဟိုအလုပ် အမှုဆောင် ဦးဝဏ္ဏမောင်လွင်အား မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် နိုင်ငံသံအမတ်ကြီးH.E. Mr. Wouter Jurgens သည် နေပြည် တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ (၅)၌ ယမန်နေ့ နံနက် ၁၁နာရီတွင် လာရောက်တွေ့ဆုံသည်။


ယင်းသို့ တွေ့ဆုံရာတွင် နှစ် နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်ရေး ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲအခြေအနေ စသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှနိုင်ငံတကာရေးရာ ကော်မတီ တာဝန်ခံ ဗဟိုအလုပ် အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် အတူ ဒုတိယဌာနမှူး ဦးဆွေဝင်း၊ ဌာနခွဲမှူး ဦးနိုင်ဝင်းတို့ တက် ရောက်ကြပြီး နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Wouter Jurgens နှင့်အတူ အဖွဲ့ဝင်တစ်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။