အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆု ဆွတ်ခူးသွားတဲ့ မီယန်ဒါလမ်ဘတ်

အမေရိကန်အဆို တော် မီယန်ဒါလမ်ဘတ်သည် (၅၂)ကြိမ်မြောက် ACM Awards ဂီတဆုပေးပွဲတွင် ယခုနှစ် အ ကောင်းဆုံး အမျိုးသမီးအဆို တော်ဆု ဆွတ်ခူးခဲ့သည်။

အသက် (၃၃)နှစ်အရွယ် မီယန်ဒါသည် တနင်္ဂနွေညက ကျင်းပခဲ့သော 2017 Academy of Country Music Awards ဂီတ ဆုပေးပွဲတွင် အရေးပါသော ဆု ဖြစ်သည့် ‘‘Female Vocalist of the Year’’ဆု ရရှိခဲ့သည်။

ဆုလက်ခံရယူခဲ့သော မီယန်ဒါက ‘‘ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ မိသားစုနဲ့ မိတ်ဆွေ တွေကိုလည်း ကျေးဇူးတင်ပါတယ်’’ဟု ပြော ကြားသည်။

မီယန်ဒါသည် အဆိုပါ ဂီတ ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီးအဆိုတော်ဆု ရခဲ့သည့်အပြင် အကောင်းဆုံး တေးအယ်လ်ဘမ်ဆုကိုလည်း ရရှိခဲ့သည်။ အဆိုပါ ဂီတဆုပေးပွဲတွင် ၎င်းသည် ‘‘Tin Man’’ အမည်ရ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ထိုဂီတဆုပေးပွဲတွင် တစ် နှစ်တာအကောင်းဆုံး  ဖျော်ဖြေတင်ဆက်သူဆုကို   ဂျွန်ဆင်အယ်လ်က လည်း ကောင်း၊ တစ်နှစ်တာ အကောင်းဆုံး တေးရေးဆုကို လိုရီမက်ခ်ကန်နီက လည်းကောင်း၊ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားအဆိုတော်ဆုကို သောမက်စ်ရစ်ခ်ျ ကလည်းကောင်း အသီးသီးရရှိခဲ့သည်။

-Ref:Eonline