အာရှယူ-၁၉ ဘော်လီဘောပြိုင်ပွဲတွင် ဂျပန်အသင်း ဗိုလ်စွဲ
အာရှအမျိုးသားယူ-၁၉ ချန်ပီယံရှစ်ဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲတွင် ဂျပန်အသင်း က တောင်ကိုရီးယား အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဧပြီ ၅ ရက်က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌်ယှဉ်ပြိုင်ခဲ့သည့် ယင်းပွဲတွင် ဂျပန်အသင်းက တောင်ကိုရီးယားအသင်းကို ရမှတ် ၂၅-၁၇၊ ၂၅-၁၈၊၂၅-၁၉ ဖြင့် သုံးပွဲပြတ် အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရယူခဲ့သည်။
တတိယ နေရာလုပွဲတွင် တရုတ်အသင်း က အီရန်အသင်း ကို (၃-၁) ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ အဆင့် (၇-၈) သတ်မှတ်ချက်ပွဲ တွင် အိမ်ရှင်မြန်မာအသင်းက သြစတြေးလျအသင်းကို သုံးပွဲ ပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး အဆင့် (၈) နေရာ၌ ရပ်တည်ခဲ့သည်။
အုပ်စုအဆင့်တွင် တွေ့ဆုံစဉ်က မြန်မာအသင်းက သြစတြေးလျ အသင်းကို (၃-၁)ပွဲ ဖြင့် အနိုင်ရခဲ့ သော်လည်း အဆင့် (၇-၈) သတ်မှတ်ချက်ပွဲတွင်ပြန် လည်ရှုံးနိမ့်ခဲ့သဖြင့် အိမ်ရှင်မြန်မာအသင်းအနေဖြင့် အဆင့် (၈) နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ ယခုပွဲ အနိုင်ရခဲ့သည့် သြစတြေးလျအသင်းက အဆင့် (၇) နေရာ၌ ရပ်တည် နိုင်ခဲ့သည်။
အဆင့် (၅-၆) သတ်မှတ် ချက်ပွဲတွင် တိုင်ပေအသင်းက ထိုင်းအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့်တိုင် ပေအသင်းက အဆင့် (၅) နှင့် ထိုင်းအသင်းက အဆင့် (၆) နေရာ၌ အသီးသီး ရပ်တည် နိုင်ခဲ့သည်။
ပြိုင်ပွဲဝင် ၁၁ သင်းပါဝင် ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲတွင် သီရိလင်္ကာအသင်းက အဆင့်(၉)၊ ဘင်္ဂလားဒေ့ရှ် အသင်းက အဆင့်(၁၀)နှင့် ဟောင်ကောင်အသင်း က အဆင့် (၁၁) နေရာတို့၌ အသီးသီး ရပ်တည်နိုင် ခဲ့သည်။
(7 Day daily)