မယ်ကမ္ဘာမြန်မာ ၂၀၁၇ အတွက် ဆန်ခါတင် အလှမယ် ၂၀ ဦးရွေးချယ်
မယ်ကမ္ဘာမြန်မာ ၂၀၁၇ ဆန်ခါတင်အလှမယ်များ၏ ပရဟိတအစီအစဉ်အဖြစ် ရေတွင်းများ တူးဖော်လှူဒါန်း ရန်စီစဉ်ထားကြောင်း ယင်းပြိုင်ပွဲ၏ National Director ကိုစိုးသူရကပြောသည်။ ‘‘ရေတွင်းတူးတာကို လှူဖို့လုပ်နေတယ်။ လောလောဆယ်တော့ နေရာက အတိအကျမဖြစ် သေးဘူး’’ ဟု ၎င်းက ပြောသည်။
မယ်ကမ္ဘာမြန်မာ ၂၀၁၇ ပြိုင်ပွဲဆန်ခါတင် အလှမယ်များကို မတ်လအတွင်း စတင်ရွေးချယ်ခဲ့ ပြီး ဆန်ခါတင် ၄၀ ဦးမှ ၂၀ ဦးကို ရွေးချယ်ခဲ့သည်။
ယခုနှစ် ဆန်ခါတင်အလှ မယ်များတွင် ယခင်ပြိုင်ပွဲများ၌ ယှဉ်ပြိုင်ဖူးသူများပါဝင်သကဲ့သို့ မျက်နှာသစ် ပြိုင်ပွဲဝင်များလည်း တွေ့ရသည်။
ဆန်ခါတင်အလှမယ်များ၏ လူမှုရေးလှုပ်ရှားမှုခရီးစဉ်အတွက် နေရာ ရွေးချယ်နေဆဲဖြစ်ပြီး မေလ ၂၀ ရက်က စတင်၍ Channel 7 ရုပ်သံလိုင်းတွင် ယင်းအလှမယ်များ၏ လှုပ်ရှားမှုများကို ပြသမည်ဖြစ်သည်။
‘‘ပရိသတ်တွေအတွက် ဒီနှစ်ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ (www.face-book.com/missmyanmar-worldofficial ကနေလည်း အွန်လိုင်း Voting လုပ်လို့ရမယ်။ အခုစပြီး ဖွင့်ပေးထားပါပြီ’’ဟု PeopleChoice ဆုအတွက် ပရိသတ်များ အွန်လိုင်းမှ Voting ပေးနိုင်ကြောင်း ကိုစိုးသူရက ပြောသည်။
ထို့ပြင် SMS Voting ပေးရာတွင်လည်း MPT အသုံးပြုသူများအနေဖြင့် 8086၊ Ooredoo အသုံးပြုသူများ အနေဖြင့် 6002 နှင့်Telenor အသုံးပြုသူများအနေဖြင့် 6666 စသည့်နံပါတ်များသို့ မိမိကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်၏ နံပါတ်ကို ပေးပို့၍ Voting ပေးနိုင်ကြောင်း သတင်းရရှိသည်။
မယ်ကမ္ဘာမြန်မာ ၂၀၁၇ ၏နောက်ဆုံးပြိုင်ပွဲကို ဇွန်လ ၁၀ ရက်တွင် ပြုလုပ်မည်ဟု ကိုစိုးသူရက ပြောသည်။
မယ်ကမ္ဘာမြန်မာပြိုင်ပွဲကို ၂၀၁၄ ၌စတင်ကျင်းပခဲ့ပြီး ၂၀၁၄ တွင် ဝိုင်းလေး၊ ၂၀၁၅ တွင် ခင်ရတနာ သိန်းမြင့်နှင့် ၂၀၁၆ တွင် ဘယ်လာတို့က မြန်မာနိုင်ငံ ကိုယ်စားပြု၍ မယ်ကမ္ဘာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် ခဲ့သည်။ # 7 Day Daily