အမျိုးကိုချစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားရေးကို ရှေးရှုတဲ့ ပြည်ခိုင်ဖြိုးပါတီ

 

* မြန်မာနိုင်ငံရဲ့ ဒီအရေးကိစ္စတွေကို ဝင်ပြီးတော့ ခြေရှုပ်ဖို့ အကြံဥာဏ်တွေပေးဖို့ ဆုံးဖြတ်ချက်တွေ ချဖို့ ဦးတည်နေပါတယ်။ နိုင်ငံနဲ့ ပတ်သက်လာရင် Sorry ဆိုတာမရှိပါဘူး။ တစ်ချက်ကလေး သဘောကောင်း လိုက်တာနဲ့ နောက်ကွယ်မှာ ပေးဆပ်ရမယ့်ကိစ္စတွေ၊ ခေါင်းညိတ်ရမယ့်ကိစ္စ တွေ၊ သဘောတူရမယ့် ကိစ္စတွေ၊ ငြင်းရခက်တဲ့ကိစ္စတွေပါလာလိမ့်မယ်။ ဒါကိုမြင်တဲ့အတွက် ကျွန်တော်တို့ ပြတ်ပြတ်သားသား တစ်ပါတီတည်းက ကန့်ကွက်တယ်။ ပါတီပေါင်းများစွာက ကန့်ကွက်တယ်။ တစ်ပြိုင်နက်တည်းမှာ အမျိုးကိုချစ်တဲ့ အမျိုးသားရေးတန်ဖိုးထားတဲ့ အင်အားစု တွေလည်းပဲ ပူးပေါင်း ပါဝင်လာတယ်။

* ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့(၃၄) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးက ၂၄-၃-၂ဝ၁၇ ရက်နေ့ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်းထန်စွာ ကန့်ကွက်ပြီး ပယ်ချလိုက်တယ်။ အဲဒါ အမျိုးချစ်တဲ့ပါတီမို့လို့ပါ။ အမျိုးသားရေးကို ရှေးရှုတဲ့ ပါတီမို့လို့ပါ။