ပရီးမီးယားလိဂ် မတ်လ အကောင်းဆုံး ကစားသမားဆု လူကာကူဆွတ်ခူး

အဲဗာတန်တိုက်စစ်မှူးလူ ကာကူသည် မတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစား သမားဆု ဆွတ်ခူးခဲ့သည်။

 

အဲဗာတန်အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအမြင့်ဆုံးပေးကာ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခြင်း ခံရသော်လည်း လက်မှတ်ထိုးရန် ငြင်းဆိုထားပြီး အသင်းတွင် အနာဂတ်မရေမရာ ဖြစ်နေသော လူကာကူ (၂၃)နှစ် သည် မတ်လအတွင်း ကစားခဲ့ သော ပွဲစဉ်များတွင် လေးဂိုးအထိ သွင်းယူခဲ့ပြီး ပုံစံကောင်းရနေသ ဖြင့် တစ်လတာ အကောင်းဆုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။ လူကာကူ သည် ယင်းဆုကို ဘုန်းမောက်မှ အာသာ ဘိုရုစ်နှင့် ဂျို့ကင်းတို့ကို ကျော်လွန်ကာ ရွေးချယ်ခံရခြင်း ဖြစ်သည်။

ထို့အပြင် လူကာကူသည် မတ်လအတွင်း ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းကိုလည်း ဥရောပပြိုင်ပွဲ ၀င်ခွင့်မျှော်လင့်ချက် ရရှိစေရန် ကူညီခဲ့သည်။

လူကာကူသည် ပရီးမီးယား လိဂ်တွင်လည်း ၂၁ ဂိုးဖြင့် ထိပ်တန်းဂိုးသွင်းရှင်များ စာရင်းထိပ်ဆုံး၌ ရပ်တည် နေပြီး ဒုတိယနေရာမှ ဟယ်ရီကိန်းကို နှစ်ဂိုးအသာ စီးရထားသည်။

‘‘ဒီဆုရတဲ့အတွက် ကျွန်တော်တကယ့်ကို ပျော်ရပါတယ်။ ဒီဆုက ကျွန်တော့်ကို နောက်ထပ် ခွန်အားတွေ ဖြစ်စေပါတယ်’’ဟု လူကာကူက ပြောသည်။

မတ်လအတွက် ပရီးမီးယား လိဂ်အကောင်းဆုံးနည်းပြဆုကို ဘုန်းမောက်နည်းပြ အက်ဒီဟောင်ဝီက ပထမဆုံးအကြိမ် ရရှိခဲ့သည်။ ဟောင်ဝီသည် မတ်လအတွင်း မန်ယူ၊ ၀က်စ်ဟမ်းနှင့် ဆွမ်ဆီးတို့နှင့် ရင်ဆိုင် တွေ့ရာ၌ ခုနစ်မှတ်ရရှိအောင် လမ်းညွှန်မှု ပေးနိုင်ခဲ့သည်။ ယင်းရလဒ်ကြောင့် ဘုန်းမောက်သည် တန်းဆင်း ဇုန်နှင့် ကိုးမှတ် ကွာဟသွားကာ အမှတ်ပေးဇယားအဆင့် ၁၁ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

-Ref:Goal/afcb.co.uk