ပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး အရှေ့ပိုင်းခရိုင် ပါတီဝင်များနှင့် ဆက်လက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် မတ် (၂၉) ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံးသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးက အဖွင့်အမှာစကားပြော ကြားခဲ့ပြီးနောက် ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီ အောင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရေးမှူး ဦးလှမျိုးနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီ ကော်မတီဝင် ဗဟိုကော်မတီဝင် ဦးတင်အောင်တို့က ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဦးဌေးဦး က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဗဟိုကော်မတီဝင် ဦးတင်အောင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေလင်း နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရပ်ကွက်၊ ကျေးရွာ ၃၂ ခုမှ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သုခ