၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်အိမ် တက်ဆင်း ကွင်းဆင်းစည်းရုံး

 

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယနေ့
(၂၄.၃.၂၀၁၇) ရက် နံနက်ပိုင်းမှ စတင်ကာ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမှတ် (၇) ရပ်ကွက်အတွင်း ကွင်းဆင်း စည်းရုံးဆောင်ရွက်ခဲ့ပါသည်!

အဆိုပါ မဲဆွယ်စည်းရုံးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပါတီခေတ္တ ဥက္ကဌ ဦးဇေယျာအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမှတ် (၇)ရပ်ကွက် ပါတီဝင်များမှ မဲဆန္ဒရှင်ပြည်သူများထံ တစ်အိမ်တက်ဆင်း သွားရောက်ကာ မိတ်ဆက်ဂါဝရပြု ခြင်း၊လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နှင့် ဆန္ဒမဲပေးရန် နမူနာပုံစံကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်!

ထို့ပြင် အခြားရပ်ကွက် / ကျေးရွာများတွင်လည်း ပါတီဝင်များနှင့် အောင်နိုင်ရေးအဖွဲ့များမှ အလားတူဆောင်ရွက်ခဲ့ကြောင်းသရှိရပါသည်။

Yangon Thar