နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြဆင့်ပွားသင်တန်း ထားဝယ်တွင်ဖွင့်လှစ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြဆင့်ပွားသင်တန်းအမှတ်စဉ် (၁/ ၂ဝ၁၇) ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ထားဝယ်မြို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အရန်ပါတီ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီးပတီ အတွင်းရေးမှူး ဦးနေမျိုးက အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးထိန်ဝင်းနှင့် ကော် မတီဝင်များ၊ ထားဝယ်၊ ရေဖြူ၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား သင်တန်းသူ ၅၄ ဦး စုစုပေါင်း အင်အား ၆၅ ဦး တက်ရောက်ကာ သင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
ပြုံးချို(ထားဝယ်)