ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်အိမ်တက်၊ ဆင်း မဲဆွယ်စည်းရုံးခြင်းကို ဒုတိယအများဆုံး အသုံးပြု ကြောင်း စစ်တမ်းတစ်ခု ဖော်ပြ
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလအတွင်း တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခြင်း နည်းအသုံးပြုမှုသည် ဒုတိယအများဆုံးပါဝင်ကြောင်း ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
PACE အဖွဲ့က မဲဆွယ်စည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းများ၏ စည်းရုံးလှုပ်ရှားခွင့်နှင့် ပတ်သက်၍ အခွင့်အရေး တန်းတူညီမျှစွာ ရရှိမှုနှင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် တို့ကို ကာလရှည် စောင့်ကြည့် လေ့လာသူ ၂၂ ဦးဖြင့် စောင့်ကြည့်ခဲ့သည်။
ထိုသို့ စောင့်ကြည့်လေ့လာရာတွင် ကိုယ်စားလှယ်လောင်းများက တစ်အိမ်တက်ဆင်း စည်းရုံးခြင်းကို ၂၆ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး အသုံးပြုခဲ့ကြောင်း PACE အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော် စွာမြင့်က ပြောသည်။
ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် စာရွက် စာတန်းများ ဝေငှခြင်းကို အများဆုံးအသုံးပြုခဲ့ပြီး လူထုဟောပြောခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်းတို့လည်း အသုံးပြုခဲ့သည်။ တစ်အိမ်တက်၊ ဆင်းစည်း ရုံးခြင်းကို ဒုတိယအများဆုံး အသုံးပြုခဲ့ကြောင်း အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ကိုယ်စားလှယ် လောင်းအနည်းစုသည် မီဒီယာ နှင့် အင်တာဗျူးခြင်းကို အသုံးပြုသူ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ လူမှုကွန်ရက်ကို အသုံးပြုသူ ၆ ရာခိုင်နှုန်းနှင့် ၂၃ ရာခိုင်နှုန်းသည် မည်သည့် လှုပ်ရှားမှုမှ ပြုလုပ် ရန်မရှိဟု ဖြေဆိုခဲ့ကြောင်း ဦးစိုင်းရဲ ကျော်စွာမြင့်က ဆိုသည်။
အသံချဲ့စက်ဖြင့် စီတန်းလှည့်လည် မဲဆွယ်စည်းရုံးသည့် နည်းလမ်းအသုံးပြုမှုတွင် NLD ပါတီက အများ ဆုံးဖြစ်ပြီး မည်သည့်လှုပ်ရှားမှုများ ပြုလုပ်ရန်မရှိဟု ဖြေဆိုရာတွင် ပါတီငယ်/တစ်သီးပုဂ္ဂလက ၃၉ ရာခိုင်နှုန်းနှင့် အခြားပါတီကြီးက ၂၈ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ၂၂ မြို့နယ်မှ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမေးမြန်းကာ ရက်သတ္တငါးပတ် (ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၅ ရက်အထိ) PACE က စောင့်ကြည့် လေ့လာ တွေ့ရှိချက်များကို ကနဦး အစီရင်ခံစာ ထုတ်ပြန်သည်။
ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၅ ဦး ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကာ မဲဆွယ်စည်းရုံး ရေးကာလကို ဇန်န၀ါရီ ၃၀ ရက်က စတင်ကာ ရက်ပေါင်း ၆၀ ခွင့်ပြုထားသည်။ # 7 Day Daily