သံပရာရည်၏ အကျိုးကျေးဇူးများ
လူတို့၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ပတို့မှ ဗတ်တီးရီးယားပိုးမွှားများကို သံပရာသီးထဲမှ antibacterial ဓါတ်က သုတ်သင်ပေးနိုင်ပါတယ်။ ကူးစက်မှု ဗိုင်းရပ်များကိုလည်း သံပရာသီးထဲမှာပါဝင်တဲ့ antiviral ဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။
ထို့ကြောင့် သံပရာသီးဟာ လူသားတို့၏ ကျန်းမာရေးအာနိသင်များကို ပေးစွမ်းနိုင်သည့် သဘာဝဆေး တစ်မျိုး ဖြစ်နေပါတယ်။ သံပရာရည်ကို သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ-
၁။ ခံတွင်းကောင်းစေခြင်း
၂။ အရေပြားသန့်ရှင်းစေခြင်း
၃။ အစာကြေစေခြင်း
၎။ ကိုယ်တွင်း သန့်ရှင်းစေခြင်း
၅။ ကိုယ်ခံအားကောင်းစေခြင်း
၆။ စိတ်ခံစားမှု ကောင်းမွန်စေခြင်း
၇။ ကိုယ်အလေးချိန် လျော့ကျစေခြင်း
၈။ သွေးတိုးကျစေခြင်း
၉။ အဆစ်မြစ်နာ၊ လေးဘက်နာတို့ကို သက်သာစေခြင်း
၁၀။ အထွေထွေရောဂါ (ချွဲ၊ သလိပ်၊ ရင်ကျပ်၊ လည်ချောင်းနာ၊ ခေါင်းကိုက်) တို့ကို သက်သာစေခြင်း စသည့် ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။
Credit:စောနွဲ့ နေဆိုင် (ပူတာအို)