မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်

 

မင်းဘူး /စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းဝေးကို မင်းဘူး / စကုမြို.နယ် ပါတီရုံးခန်းမတွင်ကျင်းပပြုလုပ်ရာ ဗဟိုပါတီကော်မတီဝင် တိုင်းလူငယ်ရေးရာတာဝန်ခံ ကျော်သူဦး၊ တိုင်းအရံပါတီကော်မတီ ဦးအေးသူ၊ မြို.နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် ပါတီကော်မတီဝင်များ ရပ်ကွက် ကျေးရွာပါတီခေါင်းဆောင်များ တတ်ရောက်ပြီး လူငယ်ကေဒါတိုးပွားလာရေး ကို ခရိုင်လူငယ်အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို.နယ်လူငယ်တာဝန်ခံ ဦးလမင်း အောင်နှင့်အဖွဲ့အား လုပ်ဆောင်ရမည့်တာဝန်များအား ထမ်းဆောင်နိုင်ရန် ကျေးရွာအရောက် ကူညီပံ့ပိုးနိုင်ရေး ပူပေါင်းပါဝင်ရေး ဆွေးနွေးပြီး မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန္ဒာဝင်းထွန်းနှင့်အဖွဲ့ဝင် ဒေါ်ကေသွယ်မိုးတို့ မှ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

Crd;