ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးနှင့် ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ဘိုကလေးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ကျေးရွာပါတီ ကော်မတီဝင်များလပတ်အစည်း အဝေးနှင့် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ခဲ့သည်။

အစည်းအဝေးတွင် ပထမဦး စွာ မြို့နယ်ပါတီဥက္ကဋ္ဌဦးမြသိန်းက အဖွင့်နှုတ်ခွန်းဆက်စကားပြော ကြားပြီး မြို့နယ်ပါတီကော်မတီဝင် ဒေါ်မေစိုးဦးက ယခုလ ၃ ရက်မှ ၆ ရက်အထိ ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ(ဆင့်ပွား) သင်တန်းအတွေ့အကြုံကိုပြန်လည် ရှင်းလင်းတင်ပြခဲ့သည်။
ပါတီဝင်နှစ်စဉ်ကြေးပေးအပ် ခြင်းအစီအစဉ်ကို ပြုလုပ်ရာတွင် ရပ်/ကျေးပါတီဝင်များနှင့် မြို့နယ် ပါတီကော်မတီဝင်များကိုယ်စား မြို့နယ်ပါတီကော်မတီဝင်ဦးသိန်း စိုးက မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးအောင်မျိုးလှိုင်သို့ ပေးအပ်သည်။ ဆက်လက်၍ ရပ်/ကျေးပါတီကော် မတီဝင်များနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပါတီ ကော်မတီဝင်ဒေါ်မေသန်းဦးက နိုင်ငံတော်သမ္မတ(ငြိမ်း)ပြည်ခိုင်ဖြိုး ပါတီ ဦးဆောင်ကော်မတီနာယက ကြီးကန်တော့ပွဲအတွေ့အကြုံနှင့် ပါတီဥက္ကဋ္ဌဦးသန်းဌေး၏အမှာစကား များကိုပြန်လည်မျှဝေပြောကြား သည်။

လပတ်အစည်းအဝေးသို့ မြို့ နယ်ပါတီကော်မတီဝင် ၁၄ ဦး၊ ရပ်/ကျေးပါတီကော်မတီဝင် ၈၁ဦး စုစုပေါင်း ၉၅ ဦးတက်ရောက်ခဲ့ ပြီးမွန်းတည့် ၁၂ နာရီတွင် ပြီးစီးခဲ့ ကြောင်း သိရသည်။

မေလေး(ဘိုကလေး)