မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအဝေးကျင်းပ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ရပ်ကျေးပုံမှန်မျက်နှာ စုံညီအစည်းအဝေးကို မတ်လ( ၇ )ရက် (၁၃ဝဝ) အချိန် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးကိုမြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများနှင့်အမာခံပါတီဝင်များ တက်ရောက်ကြပြီး မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ကျေးရွာ (၃၄)နေရာ တို့မှ ပါတီစည်းရုံးရေးမှူးတို့က မိမိတို့ ရပ်ကွက်၊ ကျးရွာ အလိုက် ပါတီရှေ့လုပ်ငန်းစဉ်များ ၊ဒေသဖွံ့ဖြိုးရေး အကျိုးပြုငန်းများ အကောင်ထည်ဖေါ်ဆောင် ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လုပ်ငန်းစဉ်အသေးစိတ်ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် မြို့နယ်ပါတီဥက္ကဌဦးမိုးမြင့် က လုပ်ငန်းစဉ်များအလိုက် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး တို့ကို ဖြည့်စွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို (၁၄ ၄၅) အချိန်တွင် ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။

Kyaw Linn