ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရန်အောင်မြင် ရွှေလက်လှဘုရားတွင် ဆွမ်းဆန်စိမ်းလောင်းလှူ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့မွန်းလွဲ ၁နာရီခန့်တွင် နေပြည်တော် လယ်ဝေးမြို့နယ် ရန်အောင်မြင် ရွှေလက်လှဘုရား၌ ကျင်းပသော ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ တက်ရောက်ကာ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့သည်။

 

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တွင် သံဃာတော်အပါး၆ဝဝနှင့် သီလရှင်အပါး၎ဝတို့မှ ဆွမ်းဆန် စိမ်းအလှူခံယူကြပြီး ဆွမ်းဆန် စိမ်းလောင်းလှူပွဲတွင် ပြည်ခိုင်ဖြိုး ပါတီမှ ဆွမ်းဆန်အိတ် ၆၈ဝလှူဒါန်း ခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီး၊ ဗဟို အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဇနီး၊ ဗဟိုအတွင်းရေး မှူးဦးပိုက်ထွေးနှင့်ဇနီး၊ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး နှင့်ဇနီး၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့်ဇနီး၊ ဗဟိုအလုပ် အမှုဆောင်ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ ပါတီဝင်များနှင့် မိသားစုများတက်ရောက်ခဲ့ကြသည်။

မင်းဟိန်း