လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လာင်း တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံး
လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ယနေ့ (၂၇.၂.၂၀၁၇) ရက်နေ့ နံနက် (၉) နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ် စည်းရုံးခဲ့ပါသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် အမှတ် (၅) ရပ်ကွက် နှင့်(အလယ်၊ ကုလားကြီးစု) ကျေးရွာအုပ်စုများအတွင်း တစ်အိမ်တက်တစ်အိမ် ဆင်း Door To Door ကွင်းဆင်းမဲဆွယ်စည်းရုံး၍ နေအိမ်များတွင် လက်ကမ်း စာဆောင်များ ဖြန့်ဝေခြင်း ခြင်္သေ့ sticker များနှင့် ပါတီအလံငယ်များ Campaign ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ (လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) ဦးတင်ယု၊ လှိုင်သာယာမြို့နယ်ပါတီ ခေတ္တဥက္ကဌ ဦးဇေယျာအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ ရပ်ကွက်များမှ ပါတီဥက္ကဌများ ပါတီကော်မတီဝင်များ အောင်နိုင်ရေးအဖွဲ့ဝင်များ ပါတီဝင်များ စုပေါင်း၍ ရပ်ကွက်ကျေးရွာ တစ်ခုလျင် အင်အား (၅၀) ဦးဖြင့် ဆောင်ရွက်ခဲ့ပါသည်!
crd: Yangon Thar