မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဆွေးနွေးပွဲ ပြုလုပ်

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအမျိုးသမီးရေးရာအဖွဲ့မှကြီး မှူး၍ ဆွေးနွေးပွဲ တစ်ရပ်ကို ယခု လ ၂၄ ရက်နံနက် ၁၁ နာရီခွဲက ပြုလုပ်ခဲ့သည်။

 

 

ဆွေးနွေးပွဲတွင် မြိုနယ်ဥက္ကဋ္ဌ ဒေါ်ခင်မြင့်ဌေးက အဖွင့်အမှာ စကားပြောကြားခဲ့ ပြီး မြို့နယ် ပါတီကော်မတီဝင် စည်းရုံးရေး တာဝန်ခံ ဦးမောင်မောင်ကြီးက ထူးချွန်ထက်မြက်သော မြန်မာ အမျိုးသမီးများအကြောင်းကိုလည်း ကောင်း၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံမြို့နယ်ပါတီကော်မတီဝင် ဒေါ်လင်းလင်းလှိုင်က ရှေ့လုပ်ငန်း စဉ် ခုနစ်ရပ်အပါအဝင် လှုပ်ရှား ဆောင်ရွက် ရမည့် ခေါင်းစဉ်များ အလိုက် တစ်ခုချင်းချပြဆွေးနွေးခဲ့ ပြီး တက်ရောက်လာသောရပ်ကွက်/ ကျေးရွာများမှ တစ်ဦးချင်းမေးမြန်း တင်ပြခဲ့ ကြသည်။

ဆွေးနွေးပွဲကို ရပ်/ကျေးများ မှ အမျိုးသမီး ၅၅ ဦး တက်ရောက် ဆွေးနွေးခဲ့ကြ ပြီး မွန်းလွဲ ၃ နာရီ တွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။

ယူဒီနေ