ပြည်ခိုင်ဖြိုးပါတီမှ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်ရှိ (၁၈-၂-၂၀၁၇) နေ့လည် (၁) နာရီ အချိန်က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများ (အိမ်ခြေ ၁၄/ အိမ်ထောင်စု ၂၀ / လူဦးရေ ၁၁၄ ဦး) အတွက် မန်းခရိုင်နှင့် ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဖေဖော်ဝါရီ (၂၂) ရက် နံနက် ၁၀ နာရီ အချိန်တွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော သာသနာ့ဝေပုလ္လ ဒီပါအေးမြ ဓမ္မာရုံသို့ သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆန် ၅ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား နှင့် ကြက်သွန်နီ ၁ ပိဿာစီ ထောက်ပံ့ ကူညီပေးကာ မီးဘေးသင့်ပြည်သူများ၏ အခက်အခဲများအား တတ်အားသရွေ့ ဖြည့်ဆည်းပေးခဲ့ကြပြီး အားပေး စကားများပြောကြားပေးခဲ့ကြကြောင်း သိရှိရသည်။

Thurein Linn Myat