ရွန်းနေ ယခုလအတွင်း တရုတ်စူပါလိဂ်သို့ မပြောင်းရွှေ့နိုင်
မန်ယူအသင်း ခေါင်းဆောင် ၀ိန်းရွန်းနေသည် ယခုလအတွင်း တရုတ်စူပါလိဂ် သို့ ပြောင်းရွှေ့ဖွယ်မရှိသေးပေ။
ရွန်းနေ၏ ကိုယ်စားလှယ် များသည် တရုတ်စူပါလိဂ်မှ တီ ယန်ဂျင်ကွမ်ဂျင်းအသင်းကို စ ကားပြောခဲ့သည်မှာ မှန်သော် လည်း ဆွေးနွေးမှုများတွင် တိုး တက်မှုမရခဲ့ဟု တီယန်ဂျင် နည်း ပြ ဖာကီလိုကန်နာဗာရိုက ပြော သည်။
တရုတ်အပြောင်းအရွှေ့ ဈေးကွက်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်သော်လည်း လာမည့် သီတင်းပတ်အတွင်း သဘောတူညီချက်ရနိုင်ခြေ နည်းပါးနေ၍ ရွန်းနေ ရာသီကုန်အထိ မန်ယူတွင် ဆက်ရှိမည်ဟု မျှော်လင့်နေကြသည်။
သို့သော် ရွန်းနေ (၃၁) နှစ် သည် မန်ယူတွင် (၁၃) နှစ် ကြာမြင့်ပြီးနောက် နွေရာသီ၌အသင်းမှ ထွက်ခွာရန် သေချာသလောက် ရှိနေသည်။
ရွန်းနေကိုယ်တိုင် မန်ယူ အသင်းနှင့် စာချုပ်ကုန်ဆုံးချိန် ၂၀၁၉ အထိ ဆက်လက်ရှိနေလို သော်လည်း ကစားခွင့်နည်းပါးနေ ၍ အခြားရွေးချယ်စရာများ စဉ်း စားနေရသည်ဟုဆို သည်။
မန်ယူ နည်းပြ မော်ရင်ဟိုကလည်း လာမည့်ရာသီတွင် ရွန်းနေ မန်ယူ၌ ဆက်ရှိနေမည်လားဆိုသည်ကို အာမခံချက်မပေးပေ။
‘‘ခင်ဗျားတို့ သူ့ကိုမေးရလိမ့် မယ်’’ဟု ဖေဖော်ဝါရီ ၂၈ ရက် ကျော်လျှင် အသင်းတွင် ရွန်းနေ ဆက်ရှိနေမည်လား ဟူသော အမေးကို မော်ရင်ဟိုက ပြောသည်။
‘‘လာမယ့်သီတင်းပတ်မှာ ကျွန်တော်ဒီမှာ ဆက်ရှိနေမယ်လို့ အာမမခံနိုင်ဘူး။ ဒီလိုပဲ ကစားသမားတစ်ယောက် လာမယ့်ရာသီမှာ ဆက်ရှိနေမယ်လို့ ကျွန်တော်အာမမခံနိုင်ဘူး’’ဟု မော်ရင်ဟိုက ပြောသည်။
တစ်နေ့နေ့တွင် ရွန်းနေအသင်းမှ ထွက်ခွာသွားလျှင် ယင်းမှာ မိမိကထွက်ခွာစေလို၍မဟုတ်ကြောင်း၊ မိမိအနေဖြင့် အသင်း၏ ဂန္ထ၀င်တစ်ဦးကို ထိုကဲ့သို့ တွန်းထုတ်မည်မဟုတ်ကြောင်းနှင့် ရွန်းနေရှိနေ၍ ပျော်ရွှင်မိကြောင်း မော်ရင်ဟိုက ပြောသည်။
Ref;BBC.Goal